ပြည်ပသတင်းများ

ကလေး နှစ်ယောက်စလုံးလက်ပေါ်ကနေ ပြုတ်ကျသေဆုံးခဲ့တဲ့ မိဘနှစ်ဦးရဲ့ ရင်နာစရာအဖြစ်

တရုတ်နိုင်ငံ တီယန်ကျင်မြို့ စျေးဝယ်စင်တာမှာ အသက် 3 နှစ်နဲ့ 4 နှစ်သာ ရှိသေးတဲ့ ကလေးနှစ်ယောက်ဟာ လေးလွှာအရောက်မှာ မိဘတွေရဲ့ လက်ပေါ်ကနေ ပြုတ်ကျသေဆုံးခဲ့တာလို့ သိရပါတယ်။ ကလေးတွေကို မိဘတွေ ကိုယ်တိုင်ပွေ့ချီလာတာဖြစ်ပြီး၊ ဒီလို မတော်တဆမှုဟာ ရှားရှားပါးပါး ဖြစ်တောင့်ဖြစ်ခဲပါဘဲလို့ မျက်မြင်တစ်ဦးက ပြောပါတယ်။

ကလေးတွေရဲ့ ရုပ်အလောင်းဟာ စျေးဝယ်စင်တာရဲ့ လေးလွှာမှာ အပိုင်းပိုင်းအစစ ဖြစ်နေပြီး၊ ဖခင်ဖြစ်သူက ဒူးထောက်ပြီး ယူကြုံးမရ ငိုကျွေးနေတာကိုလည်း စိတ်မကောင်းစွာ တွေ့မြင်ရပါတယ်။

မျက်မြင်သက်သေတစ်ယောက်ရဲ့ ပြောကြားချက်အရ ပြုတ်ကျမလိုဖြစ်နေတဲ့ လေးနှစ်အရွယ် သမီးလေးကို လှမ်းဖမ်းဖို့ကြိုးစားစဥ် မိခင်ရဲ့ လက်ထဲက သားလေးလည်း မတော်တဆ လွှတ်ကျသွားသွာဖြစ်ကြောင်း သိရပါတယ်။ မည့်သည့်အမြင့်လောက်ကနေ လေးလွှာကြမ်းပြင်ပေါ်ကို ပြုတ်ကျကြောင်းကိုတော့ သတင်းထဲမှာ ဖော်ပြထားခြင်း မရှိပါဘူး။

အခင်းဖြစ်ရာနေရာကို တီယန်ကျင်ရဲတပ်ဖွဲ့ ရောက်လာခဲ့ပြီး၊ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။ ကလေးမိဘနှစ်ဦးဟာ ရူးမတက်အသံကုန်အော်ငိုခဲ့လို့ စျေးလာဝယ်သူတစ်ချို့က အားပေးနှစ်သိမ့်မှုတွေ ပြုလုပ်ခဲ့ကြတယ်လို့လည်း သိရပါတယ်။

ရဲတပ်ဖွဲ့ကတော့ မိဘနှစ်ဦးစလုံးကို ဖမ်းဆီးထိန်းသိမ်းတာမျိုးတော့ မပြုလုပ်သေးပါဘူး။ ဒီဖြစ်စဥ်ကို သတင်းစာအချို့က မျှော်လင့်မထားသည့်၊ တမင်တကာ ကျူးလွန်ခြင်းမဟုတ်သည့် မတော်တဆဖြစ်စဥ်အဖြစ်သာ သတ်မှတ်မယ်လို့ ယုံကြည်ကြောင်း၊ မိဘတွေဘက်ကနေ ဇောင်းပေးဖော်ပြခဲ့ကြပါတယ်။

လွင်ပြင်