Home

​သင်္ကြန်ပိတ်ရက် သတ်မှတ်ချက်နှင့်ပတ်သက်၍ အစိုးရနှင့် စီးပွားရေးလုပ်ငန်းရှင်များ ယနေ့ တွေ့ဆုံဆွေးနွေးမည်

သင်္ကြန်နှစ်သစ်ကူး ရုံး ပိတ်ရက်သတ်မှတ်ချက်နှင့်ပတ် သက်၍ အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနနှင့် စီးပွားရေးလုပ်ငန်း ရှင်များ မတ်လ ၁၃ ရက် (ယနေ့) တွင် တွေ့ဆုံဆွေးနွေးမည်ဖြစ်ကြောင်း သတင်းရရှိသည်။
အလုပ်သမား၊ လူဝင်မှုကြီး ကြပ်ရေးနှင့် ပြည်သူ့အင်အားဝန် ကြီးဌာနသည် အဆိုပါ ရုံးပိတ် ရက်သတ်မှတ်ချက်နှင့်ပတ်သက် ၍ စက်မှုဇုန်များ၊ စက်မှုဇုန်ပြင်ပ ရှိ လုပ်ငန်းရှင်များနှင့် ရှင်းလင်း ဆွေးနွေးမှုရန် မြန်မာနိုင်ငံကုန် သည်များနှင့် စက်မှုလက်မှုလုပ် ငန်းရှင်များအဖွဲ့ချုပ်က ဖိတ်ကြား ထားသည်။

‘‘သင်္ကြန်ပိတ်ရက်အတွင်း လုပ်ငန်းဆောင်တာတွေနဲ့ ပတ် သက်လို့ ဆွေးနွေးကြမယ်ထင် တာပဲ။ အလုပ်သမားဝန်ကြီးပဲ တက်မလား၊ ဘယ်သူတက်မလဲ တော့ မသိဘူး။ အသင်းချုပ်ကို အကူအညီတောင်းလို့ စီစဥ်ပေး တာပါ။ တကယ်ဆိုရင်တော့ ဒါ မျိုးက စောစောစီးစီးလုပ်နိုင်ခဲ့ ရင် ကောင်းတာပေါ့’’ဟု မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အဖွဲ့ချုပ် ဒုတိ ယဥက္ကဋ္ဌဒေါက်တာမောင်မောင် လေးက ပြောသည်။

ယင်းတွေ့ဆုံပွဲကို မြန်မာ နိုင်ငံကုန်သည်များနှင့် စက်မှု လက်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ် ရုံး၌ နံနက် ၁ဝ နာရီတွင်စတင်ပြု လုပ်မည်ဟု သိရသည်။

အဆိုပါ တွေ့ဆုံပွဲသည် ပြည်ထောင်စုအစိုးရအဖွဲ့က သင်္ကြန်နှစ်သစ်ကူးရုံးပိတ်ရက် သတ်မှတ်ကြေညာပြီးနောက် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက အလုပ်သမားကိုယ်စားလှယ်များ ပါဝင်ခြင်းမရှိဘဲ လုပ်ငန်းရှင်များနှင့် ပထမဆုံး တွေ့ဆုံသည့်ပွဲဖြစ် သည်။

အလုပ်သမားသမဂ္ဂအဖွဲ့ အချို့က မတ်လ ၁၁ ရက်က ထုတ်ပြန်ခဲ့သော ကြေညာချက်တွင် သင်္ကြန်အလုပ်ပိတ်ရက် သတ်မှတ်ချက်နှင့်ပတ်သက်၍ ပြုပြင် ပြောင်းလဲမှုများ ပြုလုပ်ရာ၌ အမျိုးသားအဆင့်သုံးပွင့်ဆိုင် (အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား) တွေ့ဆုံ၍ အကျေအလည် ဆွေးနွေး သင့်ကြောင်း ဖော်ပြထားသည်။

#7DN

Leave a comment