Home, Local News

​တို့ရန်ကုန် တို့အိမ်ရာအနုပညာပွဲတော် အောင်မြင်မှုရှိဟုဆို

တို့ရန်ကုန် တို့အိမ်ရာ အနုပညာပြပွဲလာ ကလေးနှစ်ဦးကိုတွေ့ရစဥ် (ဓာတ်ပုံ−စိုင်းဇော်)

ရန်ကုန်မြို့တွင် ပြုလုပ်ခဲ့ သည့် အနုပညာပွဲတော်များအ နက် တို့ရန်ကုန် တို့အိမ်ရာအနု ပညာယဥ်ကျေးမှုပွဲတော်သည် အ အောင်မြင်ဆုံးပွဲတော်ဖြစ်သည် ဟု ဗြိတိသျှသံအမတ်က ပြော သည်။
‘‘ပြည်သူလူထုအနုပညာပွဲ တော်တွေထဲမှာ အများအပြားပါ ဝင်ကြတာတစ်ခုကတော့ ကျွန် တော်တို့အတွက် အလွန်ဝမ်းသာ အားရဖြစ်ရပါတယ်’’ဟု ဗြိတိသျှ သံအမတ် အင်ဒရူးပက်ထရစ်က သခင်မြပန်းခြံ၌ မတ်လ ၁၂ ရက်က ပြုလုပ်သော  ပိတ်ပွဲအခမ်းအနားတွင်ပြောသည်။

ယင်းအခမ်းအနားတွင် ကဗျာဆရာ၊ ဆရာမများက တီးဝိုင်းများဖြင့် ကဗျာရွတ်ဆိုခြင်း၊ သရုပ်ဖော်ပြသခြင်းများ ပြုလုပ်ခဲ့သည်။

ဖေဖော်ဝါရီ ၂၅ ရက်က မဟာဗန္ဓုလပန်းခြံ၌ ကျင်းပသော တို့ရန်ကုန်  တို့အိမ်ရာအနုပညာယဥ်ကျေးမှုပွဲတော် ဖွင့်ပွဲ တွင် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ‘‘ရန်ကုန်ကို ဖန်တီးခွင့်ရပြီ။ ရန်ကုန်ဟာ ကျွန်တော်တို့ လက်ထဲရောက်နေပြီ။ ရန်ကုန်မြို့ကြီး ဖွံ့ဖြိုးတိုးတက် ဖို့အတွက်  ကျွန်တော်တို့  ဝိုင်းပြီး ဆောင်ရွက်ကြမယ်’’ဟု မိန့်ခွန်း၌ ထည့်သွင်းပြောကြားသည်။

မဟာဗန္ဓုလပန်းခြံတွင် ပန်း ချီကားများ၊ ရိုးရာအစဥ်အလာနှင့် အနုပညာတို့ ပေါင်းစပ်ထားသော ဝါးပတ္တလားများနှင့် ပြုလုပ်ထား သည့် Your Sound is My Sound  အနုပညာပြကွက်၊ စတီးဇွန်းများ ဂဟေဆက်ပြီး အတောင်ပံပုံဏ္ဌာန်ပုံဖော်ထားကာ လှေတစ် စီးပေါ်တွင် တင်ထားသည့် Wing-sof Hope အနုပညာပြကွက်များ အပြင် ဆူးလေခုံးတံတားများ ပေါ်တွင် ပုသိမ်ထီးများမိုး၍ စီ တန်းပြသခြင်းကိုလည်း ပြည်သူ များ စိတ်ဝင်စားမှုများခဲ့သည်။

ထို့အပြင် မတ်လ ၁၁ ရက် နှင့် ၁၂ ရက်နေ့များက ၂၇ လမ်း ရှိ အိမ်နောက်ဖေးလမ်းကြားများ တွင် ပန်းချီများဆွဲခြင်း၊ သစ်ပင် များစိုက်ခြင်းဖြင့် ဥယျာဥ်သဖွယ် ဖြစ်အောင် စီစဥ်၍ အများပြည်သူ အား ပြသထားသည်ကိုလည်း လူ မှုကွန်ရက်၌ ပြောဆိုဝေဖန်မှုများ ရှိခဲ့သည်။ စာရေးဆရာမ မသီတာ (စမ်းချောင်း)က ‘‘ဒီပွဲတော်က ရန်ကုန်လူထုကို အနုပညာ မြောက်မြောက်နဲ့ ငြိမ်းငြိမ်းချမ်း ချမ်းနေနိုင်စေချင်တယ်ဆိုတဲ့ အဓိပ္ပာယ် ကျွန်မရလိုက်တယ်။ အဲဒီဟာကိုလည်း အတတ်နိုင်ဆုံး ပေါ်လွင်အောင်လို့ ပွဲတော်တစ် လျှောက်လုံး My Yangon My Home က အနုပညာသမားတွေ ပေးခဲ့နိုင်တယ်လို့တော့ ယူဆပါ တယ်’’ဟု ပြောကြားသည်။

သခင်မြပန်းခြံတွင် မိသားစု နှင့် လာရောက်အပန်းဖြေသူ ဒေါ် နန့်တင်တင်က ‘‘ခုံးတံတားပေါ် က ပုသိမ်ထီးတွေ ကျွန်မတစ် ခေါက်တော့ တွေ့လိုက်တယ်။ သိပ်ကျက်သရေရှိပါတယ်။ ရန် ကုန်ကို ဒီလိုပုံစံလုပ်ပေးတာ ကောင်းပါတယ်’’ဟု ပြောကြား သည်။

#7DN

မှုခင်းရေးရာ, Home

​ချစ်သူလမ်းကြား၌ ဆိုင်ကယ်၊ ရွှေ၊ ငွေနှင့် ဖုန်း လုယက်သူများကို ဖမ်းမိ

ပြီးခဲ့တဲ့ (၁၁.၃.၂ဝ၁၇ ) မတ်လ ၁၁ ရက်နေ့ည  ၁ဝ နာရီ အချိန်ခန့်တွင် ဧရာဝတီတိုင်း ဒေသကြီး ဟင်္သာတမြို့နယ်၊ သာယာကုန်းကျေးရွာရှိ ချစ်သူလမ်းကြား၌ မောင်မြင့်မြတ်ပိုင်(၁၉)နှစ်၊ (ဘ)ဦးမျိုးမြတ်၊ သပြေပင်စင်းကျေးရွာ၊ တလိုင်းကွင်း ကျေးရွာ/အုပ်စု၊ ဟင်္သာတမြို့နယ်နေသူနှင့် မစိုပြေထက်(၁၈)နှစ်၊ (ဘ)ဦးအောင်ခင်ကြိုင်၊ ရွာသစ်ရပ်ကွက်၊ ကြံခင်းမြို့နေသူတို့နှစ်ဦးသည် ချစ်သူလမ်းကြားတွင် သူငယ်ချင်းများနှင့်အတူ ဝိုင်းဖွဲ့စကားပြော၍ ည (၁ဝ)နာရီ အချိန်တွင် နေအိမ်သို့ပြန်လာကြစဥ် ဆိုင်ကယ်၊ ရွှေ၊ ငွေနှင့် ဖုန်းများ လုယက်ခံကြောင်း သိရှိရပါသည်။
 အမည်မသိ အမျိုးသား(၃)ဦးနှင့် အမျိုးသမီး(၁)ဦးတို့မှာ ၄င်းတို့စီးနှင့်လာ သော ယာဥ်အမှတ် ယာယီ/ဝ၉၆၇ နံပါတ်တပ်ဆင်ထားသည် HONDA ခဲရောင် တန်ဘိုးငွေ-(၁၁ဝဝဝဝဝိ/)ခန့် နှင့် စိန်ဆွဲသီးပါ ရွှှေနှင့်ရွှေဖြူနှစ်ပင်လိမ် ဆွဲကြိုး(၅)မူးသားခန့် တန်ဘိုးငွေ(၇ဝဝဝဝဝိ/)ခန့် ဆင်းကဒ်ပါ Huawei အမျိုးအစားခဲရောင် ဖုန်း(၁)လုံး တန်ဘိုးငွေ(၁၂ဝဝဝဝိ/)၊ ဆင်းကဒ်ပါ HONOR အမျိုးအစား အဖြူရောင်ဖုန်း(၁)လုံး၊ တန်ဘိုးငွေ(၁၂ဝဝဝဝိ/)၊ စုစုပေါင်းတန်ဘိုးငွေ(၂ဝ၄ဝဝဝဝိ/) အား လုယူသွားကြောင်း သိရှိခဲ့ခြင်း ဖြစ်ပါသည်။

အမည်မသိ အမျိုးသား(၃)ဦးနှင့် အမျိုးသမီး(၁)ဦးတို့အား မောင်မြင့်မြတ်ပိုင်မှ တရားလိုပြုလုပ် တိုင်တန်းသဖြင့် ဟင်္သာတမြို့မရဲစခန်း(ပ) ၉၆/၂ဝ၁၇၊ ရာဇသတ်ကြီးဥပဒေပုဒ်မ-၃၉၄ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိပါသည်။

 ၄င်းတို့နှင့်အတူ တွေ့ရှိရသည့် ဆိုင်ကယ်(၃)စီး၊ ရွှေဆွဲသီးပါ ဆွဲကြိုး(၁)ကုံးတို့အား ၄င်းတို့ပိုင်ဆိုင်ကြောင်း အထောက်အထားခိုင်လုံစွာ ပြောဆိုပြသနိုင်ခြင်း မရှိသဖြင့် ပြည့်ဖြိုးထိုက်နှင့် မလွင်ဖြိုးတို့(၂)ဦးအား မဲဇလီနယ်မြေရဲစခန်း(ပ) ၃၄/၂ဝ၁၇၊ ရာဇသတ်ကြီးဥပဒေ ပုဒ်မ-၃၈ဝ/ကျင့်-၅၄ဖြင့်လည်းကောင်း၊ ဇော်ထက်နိုင်နှင့် မချစ်ချစ်ဇော်တို့(၂)ဦးအား မဲဇလီနယ်မြေရဲစခန်း(ပ) ၃၅/၂ဝ၁၇၊ ရာဇသတ်ကြီးဥပဒေ ပုဒ်မ-၃၈ဝ/ကျင့်-၅၄ဖြင့်လည်းကောင်း၊ ဝင်းကိုနှင့်ကျော်ကိုလင်းတို့ (၂)ဦးအား မဲဇလီနယ်မြေရဲစခန်း(ပ) ၃၆/၂ဝ၁၇၊ ရာဇသတ်ကြီးဥပဒေ ပုဒ်မ-၃၈ဝ/ကျင့်-၅၄ဖြင့်လည်းကောင်း အသီးသီး အမှုရေးဖွင့် ဆောင်ရွက်ခဲ့ပါသည်။

ထို့သို့စစ်ဆေးဆောင်ရွက်ခဲ့ရာ (ပ)၃၄/၂ဝ၁၇၊ ရာဇသတ်ကြီးဥပဒေပုဒ်မ-၃၈ဝ/ကျင့်၅၄ အမှုမှ သက်သေခံပစ္စည်း ဆိုင်ကယ်တစ်စီးနှင့် စိန်ဆွဲသီးပါ ဆွဲကြိုး(၁)ကုံးတို့အား ဟင်္သာတမြို့နယ်အတွင်းမှ လုယူထွက်ပြေးခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ကြောင်း ဧရာဝတီတိုင်း ဒေသကြီး ရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက် အရ သိရပါသည်။

#သစ်ထူးလွင်

Foreign News, Home

​ဟေတီတွင် လူအုပ်ထဲ ဘတ်စ်ကားဝင်တိုက်မှုကြောင့် ၃၅ဦးသေဆုံး

ဟေတီနိုင်ငံတွင်ဖြစ်ပွားခဲ့သည့် ယာဥ်မတော်တဆမှုတစ်ခုအားတွေ့ရစဥ် (ဆင်ဟွာ)

ပနားမားစီးတီး၊ မတ် ၁၃ ရက် (ဆင်ဟွာ)
ဟေတီနိုင်ငံ မြောက်ပိုင်းတွင် မတ်လ ၁၂ ရက် အစောပိုင်းက လမ်းလျှောက်နေသူ လူအုပ်အတွင်း ဘတ်စ်ကားတစ်စီးဝင်တိုက်မှုကြောင့် လူ ၃၈ဦးသေဆုံးခဲ့ပြီး အများအပြားဒဏ်ရာရရှိခဲ့ကြောင်း ဟေတီနိုင်ငံ မြို့တော် Port-au-Princeမြို့ ၏ ဖော်ပြချက်များအရ သိရသည်။

ဟေတီနိုင်ငံ ပြည်သူ့ကာကွယ်ရေးအာဏာပိုင်များ၏ ပြောကြားချက်ကို ကိုးကား၍ ဖော်ပြချက်များအရ ဟေတီနိုင်ငံမြောက်ပိုင်း Gonaivesမြို့အနီးရှိ မြို့တစ်မြို့တွင် ဒေသစံတော်ချိန်နံနက် ၃နာရီ က ဘတ်စ်ကားတစ်စီး သည် လူ ၂ဦးအား တိုက်မိခဲ့ပြီးနောက် ဂီတပွဲတော်အတွက် စုဝေးနေသည့် ဒေသခံ လူအုပ်အတွင်းသို့ အရှိန်ဖြင့် ဝင်ရောက်တိုက်မိခဲ့ကြောင်း သိရသည်။

အဆိုပါ ဘတ်စ်ကားသည် Cap Haitien မြို့မှ မြို့တော် Port-au-Prince သို့ ခရီးသည်များတင်ဆောင်ကာ ထွက်ခွာလာခဲ့ခြင်းဖြစ်သည်။

သတင်းဖော်ပြချက်များအရ လူ ၃၄ဦးသည် အခင်းဖြစ်ပွားရာ၌ပင်သေဆုံးခဲ့ပြီး အခြားလူ ၄ဦးမှာ ဆေးရုံ၌သေဆုံးခဲ့ကြောင်း နှင့် ဒဏ်ရာရရှိသူများအား မြို့တော် ၏ အနောက်မြောက်ဘက် ၁ဝဝကီလိုမီတာ အကွာခန့် Gonaiviesမြို့ ရှိ ဆေးရုံတစ်ခု၌ဆေးကုသပေးထားကြောင်း သိရသည်။

ဘတ်စ်ကားပေါ်တွင်လိုက်ပါလာသည့် ယာဥ်မောင်းသူနှင့် ခရီးသည်များအား မေးမြန်းမှုများပြုလုပ်ရန် ရဲစခန်းသို့ ခေါ်ဆောင်သွားပြီး နောက်ပိုင်းတွင် လွှတ်ပေးခဲ့ကြောင်းသိရသည်။

ယာဥ်မတော်တဆဖြစ်ပွားရသည့်အကြောင်းရင်းကို ချက်ချင်းမသိရှိရသေးဘဲ ဟေတီသမ္မတ Jovenel Moise က ယင်းမတော်တဆမှုအား စုံစမ်းစစ်ဆေးရန် မတ်လ ၁၂ရက်က ညွှန်ကြားခဲ့ကြောင်း သိရသည်။

(Xinhua)

Foreign News, Home

​မလေးရှားက ISအဖွဲ့ နှင့် ဆက်စပ်နေသည့် ဖိလစ်ပိုင် ငါးဦးအား ဖမ်းဆီး

ISအကြမ်းဖက်အဖွဲ့နှင့် ဆက်စပ်နေသူတစ်ဦးအား မလေးရှားရဲတပ်ဖွဲ့ကဖမ်းဆီးလာစဥ် (ဓါတ်ပုံ-အင်တာနက်)

ကွာလာလမ်ပူ၊ မတ် ၁၃ ရက် (ဆင်ဟွာ)

မလေးရှားရဲတပ်ဖွဲ့က IS စစ်သွေးကြွအုပ်စု နှင့် ဆက်စပ်နေသည့် ဖိလစ်ပိုင်လူမျိုး ငါးဦး နှင့် မလေးရှားလူဝင်မှုကြီးကြပ်ရေးဝန်ထမ်း တစ်ဦးအပါအဝင် သံသယရှိသူ ၇ဦးအား မတ်လ ၁၃ ရက်တွင် ဖမ်းဆီးခဲ့ကြောင်း ပြောကြားခဲ့သည်။

ဖမ်းဆီးထားသည့် သံသယရှိသူ ဖိလစ်ပိုင်လူမျိုး ငါးဦးသည် မလေးရှားနိုင်ငံတွင် အမြဲတမ်းနေထိုင်ခွင့်ရရှိထား သူများဖြစ်ပြီးယင်းတို့သည် ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်းရှိ ISစစ်သွေးကြွများ နှင့် ဆက်သွယ်ကာ အကြမ်းဖက်အုပ်စု အတွက် လူစုဆောင်းပေးနေသော မလေးရှားနိုင်ငံသား တရားခံပြေးများဖြစ်သည့် Dr. Mahmud Ahmad နှင့် Mohamad Joraimee Awang Raimme တို့အား ငွေကြေးများထောက်ပံ့ပေးနေခြင်းဖြစ်ကြောင်း သိရသည်။

အခြားသံသယရှိသူ နှစ်ဦး သည် အင်ဒိုနီးရှားနိုင်ငံသား စစ်သွေးကြွ သုံးဦးကို မလေးရှားနိုင်ငံ ဆာဗားပြည်နယ်မှ တစ်ဆင့် ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း သို့ ပို့ဆောင်ရာတွင် အကူအညီပေးခဲ့သည်ဟု ယူဆရကြောင်း သိရသည်။

ရဲတပ်ဖွဲ့က ဖမ်းဆီးထားသော လူဝင်မှုကြီးကြပ်ရေးဝန်ထမ်းသည် အကြမ်းသမားများစွာအား တရားဝင်အထောက်အထားမရှိဘဲ ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်းသို့ သွားရောက်ရန် စီစဥ်ကူညီပေးခဲ့သည်ဟု ယုံကြည်ကြသည်။

အဆိုပါ တရားခံများအား မတ်လ ၈ ရက် နှင့် ၁၂ရက်အတွင်း ဆာဗား ပြည်နယ် နှင့် ဆီလန်ဂေါ ပြည်နယ် ၌ပြုလုပ်ခဲ့သည့် အကြမ်းဖက်မှုတန်ပြန်စစ်ဆင်ရေးများအတွင်း ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဖိလစ်ပိုင်အစိုးရ၏ ထိန်းချုပ်မှုအောက်မှ ကင်းလွတ်နေသည့် အဘူဆေးယက် ဂျီဟတ်အုပ်စု ကြီးစိုးနေသော ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်း နှင့် ဆာဗား ပြည်နယ်အကြား စစ်သွေးကြွများ နှင့် ချိတ်ဆက်နေမှုများအား ရဲတပ်ဖွဲ့ကဖော်ထုတ်နိုင်ခဲ့ခြင်းသည် ပထမဆုံးမဟုတ်တော့ကြောင်း သိရသည်။

မလေးရှားနိုင်ငံရဲတပ်ဖွဲ့သည် ဇန်နဝါရီလ၌ အဖွဲ့ဝင်လေးဦးပါဝင်သော အကြမ်းဖက်အုပ်စုငယ်တစ်ခုအား ဖြိုခွဲခဲ့ပြီး ယင်းအုပ်စုသည် မလေးရှားနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံများမှ IS စစ်သွေးကြွများနှင့် ဆက်စပ်နေသော အကြမ်းဖက် သမားလူသစ်များကို ဖိလစ်ပိုင်နိုင်ငံ မာရဝီ မြို့ သို့ မလေးရှားနိုင်ငံ ဆာဗားမှတဆင့် ပို့ဆောင်ပေးရာတွင် ကူညီပေးနေကြောင်း သိရသည်။

(Xinhua)