Uncategorized

တာမွေမြို့နယ် ဒုဦးစီးမှူးတစ်ဦး ကြိုးဆွဲချသေဆုံး

တာမွေမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အသက် ၂၇ နှစ်အရွယ် ဒုဦးစီးမှူးတစ်ဦး ယနေ့(မတ်လ ၁၅ ရက်) နံနက် ၁ဝ နာရီခန့်က ကြိုးဆွဲချသေဆုံးမှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
“ကျွန်တော်တို့ ရောက်သွားတော့ သူကြိုးဆွဲချသေတဲ့နေရာနဲ့ ရှေ့နှစ်ပေသုံးပေလောက်မှာ သွေးအိုင်တစ်ကွက် တွေ့တယ်။ 

နောက်ပြီး သူ့နဖူးမှာလဲ ကွဲထားတဲ့ဒဏ်ရာတွေ့တယ်။ သူ့ဖုန်းကို ယူကြည့်လိုက်တော့ ဒီမနက် ၈ နာရီ ခွဲအထိ သူအပြင်နဲ့ဆက်သွယ်ထားတာတွေ့တယ်”ဟု တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းက ဆိုသည်။တာမွေမြို့နယ်၊

 မေတ္တာညွှန့်ရပ်ကွက်၊ အဝေရာလမ်းအတွင်းရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးစီးဌာနဝင်း အတွင်းရှိ လိုင်းခန်းအနောက်ဘက်တွင် ကြိုးဆွဲချသေဆုံးခဲ့ခြင်းဖြစ်ကြောင်း တာမွေမြို့နယ်ရဲတပ်ဖွဲ့ထံမှသိရသည်။

“ဘာလို့သေတာလဲ ဆိုတာတော့ မသိသေးဘူး။ ကျွန်တော်တို့ စစ်ဆေးနေတုန်းပဲ။ သေဆုံးသူက ဒုဦးစီးမှူးနေမျိုးဆွေပါ။ အသေးစိတ်တော့မသိရသေးပါဘူး”ဟု ၎င်းကဆိုသည်။

#7DN

Leave a comment