နည်းပညာဆိုင်ရာသတင်းများ

​Gboard Keyboard တွင်ပါဝင်သော feature များ

ယခုအခါ android ဖုန်းများတွင်အသုံးပြုလို့ရနေပြီဖြစ်သော Gboard ကီးဘုတ်၏ အသုံးဝင် feature များဖြစ်ပါသည်။
ယခင်အိုင်အိုအက်စ်သုံးစွဲသူများသာ အသုံးပြုလို့ရသော Gboard ကီးဘုတ်ကို google မှ android ဖုန်းများအတွက် လွန်ခဲ့သောသုံးလလောက်မှ အသုံးပြုလို့ရရှိအောင်ပြုလုပ်ပေးခဲ့ခြင်းဖြစ်သည်။

ယင်း feature တွင် သိချင်တာရှာချင်များကို ကီးဘုတ်တွင် google search ထည့်ပေးထားသောကြောင့် browser, Chrome ထဲတွင်သွားရှာစရာမလိုတော့ပါ။

ကီးဘုတ်မှ website တွင်ရှာချင်သည့် အက်ပ်များကိုဖွင့်ပေးခြင်း၊ ဘာသာစကားရှာသော translate လုပ်ခြင်းများကို ပါ လုပ်ဆောင်ပေးနိုင်သည်။

Gboard ၏ feature အသစ်များအနေဖြင့် Multi-lingual typing စာရိုက်နေစဥ်တွင်အလိုအလျောက် auto ဘာသာ စကား ပြောင်းပေးနိုင်ခြင်း ၊ streaming autocorrect ဖြစ်နိုင်သောနောက်ဆုံးနှစ်လုံးကို အလိုအလျောက် အမှန်ပြင်ပေးခြင်း၊ ဘာသာစကားအမျိုးအစား ၃ဝ ကျော် အသစ်ပါတာများပါဝင်ပါသည်။

သတင်းအချက်အလက်များနှင့် YouTube ဗီဒီယိုများကို ကီးဘုတ်မှ တိုက်ရိုက်အသုံးပြုလို့ရနိုင်မည်ဖြစ်ပြီး လူသုံးများသော Whats App များကိုကီးဘုတ်မှစွမ်းဆောင်ပေးနိုင်မည်ဖြစ်ကြောင်းသိရသည်။

ယင်းကီးဘုတ်ကို သုံးစွဲသူများအနေဖြင့် social media မှဖြစ်စေ၊ message မှဖြစ်စေ၊ နိုင်ငံခြားသားများနှင့် စာရိုက်ပြောဆိုရန်အတွက် Gboard မှဘာသာပြန်သော translate ရှိပါသည်။

Google icon ပုံကိုနှိပ်ပြီး translate icon ကိုနှိပ်ပြီး ညာဘက်မှ menu မှ dropdown menu ပေါ်လာာပါက မိမိရိုက်မည့် ဘာသာစကားကိုရွေးချယ်ရမည်ဖြစ်သည်။

တစ်ခုခုကို ဘာသာပြန်ပြီး ပို့ရန်လိုအပ်ပါကစာလုံးများကို copy နှင့် paste လုပ်ပြီး စာရေးသော text box ထဲမှ dropdown menu မှမိမိဘာသာစကားကိုရွေးချယ်ရမည်ဖြစ်သည်။

နောက်ထပ် feature အသစ်မှာကီးဘုတ်မှ အဘိဓာန်ကို စခရိုနိုက်စ်လုပ်ရန်ဖြစ်သည်။

ကီးဘုတ်ပေါ်မှ google icon>Settings>Dictonary ထဲဝင်ပြီး Dictonary option ထဲမှ Sync learned words ကိုရွေး၍ screen ၏တစ်နေရာမှ ok ပေါ်လာရင်နှိပ်ရမည်ဖြစ်သည်။

နောက် feature မှာနံပါတ်များကိုပေါင်းထည့်ခြင်းဖြစ်သည်။

ကီးဘုတ်မှာ Google icon>Settings>Preferences ထဲဝင်၍ Number row option ကို on လုပ်ပြီးပါက အက္ခရာများအပေါ်တွင် နံပါတ်များတန်းစီပေါ်လာမည့်ဖြစ်သောကြောင့် switch လုပ်ပြီးသုံးစရာမလိုတော့ပါ။

နောက်ထပ် feature တစ်ခုမှာ emoji အရုပ်များရှာခြင်းဖြစ်သည်။

စာရိုက်နေရင်း ပြုံးနေသောပုံ၊ မဲ့နေသောပုံလေးများကို စာလုံးရိုက်ရှာသည်နှင့် ထောင့်နားတွင်ပုံလေးများပေါ်လာမည်ဖြစ်ပါသည်။

နောက်ထပ် feature မှာဓာတ်ပုံအရှင်နှင့် ဗီဒီယိုအတိုအစများအဖြစ်နာမည်ကြီးနေသော GIFsများကို ကီးဘုတ်မှ share လုပ်နိုင်ပါသည်။

ထို့ပြင်chatbox မှဖြစ်စေ၊ စကားပြောနေရင်းအကြောင်းအရာတစ်ခုခုကိုပို့ရင်လည်း Google မှသွားစရာမလိုဘဲ ကီးဘုတ်မှ send button ကိုနှိပ်ပြီးပိုရမည်ဖြစ်သည်။

နောက်ဆုံး feature မှာကီးဘုတ်မှ google တွင်ကြည့်ချင်သည့်အကြောင်းအရာများကို စာရိုက်သည်နှင့် search လုပ်ပြီးပေါ်လာမည်ဖြစ်သည်။

ကီးဘုတ်တွင် google icon နှိပ်ပြီး about flower ဟုစာရိုက်ပြီး enter နှိပ်လိုက်သည်နှင့် google တွင်ဖော်ပြထားသော ပန်းနှင့် ပက်သက်သောအကြောင်းအရာများကို ပေါ်လာမည်ဖြစ်ပါသည်။

#ကုမုဒြာ

ပြည်တွင်းသတင်းများ, မှုခင်းရေးရာ

​ဒဂုံဆိပ်ကမ်းတွင် ဓားဒဏ်ရာအများအပြားဖြင့် သေဆုံးနေသော အမျိုးသားတစ်ဦး အလောင်းတွေ့

ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်အတွင်းရှိ ကျန်စစ်သား ကားလမ်းမဘေးတွင် ဓားဒဏ်ရာ ရှစ်ချက်ဖြင့် သေဆုံးနေသည့် အ မျိုးသားတစ်ဦး၏ အလောင်းကို မတ်လ ၁၅ ရက် နံနက် ၈ နာရီ ခွဲက တွေ့ရှိခဲ့ကြောင်း သတင်းရရှိသည်။

လမ်းမဘေးတွင် သေဆုံးနေသူသည် အသက်(၃၅)နှစ်ခန့် အရွယ် အမျိုးသားဖြစ်ပြီး လိမ္မော်ရောင် တီရှပ်အင်္ကျီနှင့် အနက်ရောင် ယောပုဆိုး ဝတ်ဆင်ထား ကာ မည်သူမည်ဝါဖြစ်သည်ကို စုံစမ်းလျက်ရှိကြောင်း ဒဂုံဆိပ် ကမ်းမြို့မရဲစခန်းမှ ရဲအရာရှိတစ် ဦးကဆိုသည်။

သေဆုံးသူသည် လည်ပင်းဘယ်ဘက်တွင် ထိုးသွင်းဒဏ်ရာနှစ်ချက်၊ ညာဘက်လည်ပင်းတွင် ထိုးသွင်းဒဏ်ရာတစ်ချက်၊ ညာဘက်ပါးတွင် ထိုးသွင်းဒဏ်ရာ တစ်ချက်နှင့် ရင်ဘတ်တွင် ထိုးသွင်းဒဏ်ရာလေးချက် ရရှိခဲ့ ကြောင်း ၎င်းက ဆက်လက်ရှင်း ပြသည်။

 သေဆုံးမှုနှင့် ပတ်သက်၍ ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့မရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃ဝ၂ ဖြင့် အမှုဖွင့်ကာ စုံစမ်းလျက်ရှိ ကြောင်း ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့မရဲစခန်းမှ သိရသည်။

#7DN

ပြည်ပသတင်းများ

​ဒေါ်လာ ရာဂဏန်းမျှ တန်သော ဒရုန်းကို ဒေါ်လာသန်းချီတန်သော Patriot ဒုံးကျည်ဖြင့် ပစ်ချ

စီးပွားဖြစ်သုံး အဝေးထိန်း လေယာဉ်ငယ်များကို Patriot ဒုံးကျည်များဖြင့် ပစ်ချရမည့် အခြေအနေကို အလေးအနက် ပြန်လည် စဉ်းစားသင့်ကြောင်း အမေရိကန် ဗိုလ်ချုပ်တစ်ဦးက ပြောကြားခဲ့သည်။
အမေရိကန်၏ မဟာမိတ် နိုင်ငံတစ်ခုမှ စစ်တပ်သည် ဒေါ်လာ ရာဂဏန်းမျှသာ တန်ဖိုးရှိသည့် ပန်ကာလေးလုံးတပ် အဝေးထိန်း လေယာဉ်ငယ် (ဒရုန်း) တစ်စီးကို Patriot ဒုံးကျည်ဖြင့် ပစ်ချခဲ့ကြောင်း ဗိုလ်ချုပ်ကြီး ဒေးဗစ် ပါကင်းစ်က စစ်ဘက်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ တစ်ခုတွင် ပြောဆိုသွားခြင်း ဖြစ်သည်။

“Amazon အွန်လိုင်းစတိုးကနေ ဒေါ်လာ၂ဝဝ လောက်နဲ့ ဝယ်လို့ရတဲ့ ဒရုန်းမျိုးဗျာ။ အဲဒါကို Patriotနဲ့ ပစ်ချဖို့က သိပ်တော့ အဆင်မပြေဘူး”ဟု ၎င်းက ဆိုသည်။ Patriot ဒုံးကျည်တစ်စင်း၏ တန်ဖိုးသည် ဒေါ်လာ သုံးသန်းဝန်းကျင် ကျသင့်သည်။ ပါကင်းစ်က မည်သည့် မဟာမိတ် နိုင်ငံက မည်သည့်နေရာတွင် ထိုကဲ့သို့ Patriot အသုံးပြုခဲ့သည် ဆိုခြင်းကိုမူ ပြောဆိုသွားခြင်း မရှိချေ။

ရေဒါဖြင့် ချိတ်ဆက်ပြီး ပစ်မှတ်ကို ခြေရာခံ ဖျက်ဆီးနိုင်သည့် Patriotများသည် ပုံမှန်အားဖြင့် ရန်သူ့ တိုက်ချင်းပစ် ဒုံးကျည်များနှင့် တိုက်လေယာဉ်များကို ပစ်ချရာတွင် အသုံးပြုလေ့ ရှိသည်။ “ဘာပဲဖြစ်ဖြစ် ဒီပစ်မှတ် သေးသေးလေးကိုပါ Patriotနဲ့ ပစ်ချလို့ရတာ သိလိုက်ရတာပေါ့။ Patriotကိုတော့ ပိုချစ်သွားပြီ”ဟုလည်း ပါကင်းစ်က အရွှန်းဖောက်ခဲ့သည်။ သို့သော် ထိုလုပ်ရပ်မျိုးသည် စီးပွားရေးအရ တွက်ခြေကိုက်မည် မဟုတ်ဟုလည်း ၎င်းက ဆိုသည်။

“အချိုးချကြည့်ရင် စီးပွားရေးအရတော့ ဘယ်လိုမှ တွက်ခြေမကိုက်ဘူးလေ။ ကဲ၊ ဆိုပါစို့။ ကျွန်တော်က ရန်သူ့ဘက်က နေမယ်ဗျာ။ eBayတို့၊ Amzonတို့မှာ ဒေါ်လာ နှစ်ရာ၊ သုံးရာတန်လောက် ဒရုန်းလေးတွေ အများကြီးဝယ်ပြီး သုံးမယ်။ ဒါဆို အကုန်လုံးကို Patriotတွေနဲ့ ပစ်ချရင် ဘယ်လောက် အကုန်အကျ များလိုက်မလဲ။ ရန်သူ့ဘက်က အကြိုက်တွေ့မှာပေါ့”ဟု  ပါကင်းစ်က ပြောကြားသွားသည်။

လတ်တလောတွင် အိုင်အက်စ် စစ်သွေးကြွများက ဒရုန်းငယ်များပေါ်တွင် လက်ပစ်ဗုံးများ တင်ဆောင်ကြဲချသည့် ဗျူဟာမျိုး အသုံးပြုပြီး အမေရိကန်၏ မဟာမိတ်များကို တိုက်ခိုက်လျက် ရှိသည်။ ထိုသို့သော ဒရုန်းငယ်မျိုးကို Patriotဖြင့် ပစ်ချခဲ့သည်မှာ အမေရိကန်နှင့် အထူးနီးစပ်သည့် မဟာမိတ် တပ်ဖွဲ့တစ်ခု ဖြစ်ကြောင်းလည်း ပါကင်းစ်က ဆိုသည်။

၁၉၈ဝ ပြည့်နှစ်တွင် ပထမဆုံးအကြိမ် စတင်ထုတ်လုပ်ခဲ့သည့် Patriotများကို မျိုးဆက်အဆင့်ဆင့် မြှင့်တင်ခဲ့ပြီး လက်ရှိအချိန်တွင် အမေရိကန် အပါအဝင် နိုင်ငံပေါင်း ၁၂ ခု၌ အသုံးပြုလျက် ရှိသည်။ ပုံမှန်အားဖြင့် ထိုဒုံးကျည်များသည် အသံ၏ မြန်နှုန်းထက် ငါးဆမျှထိ ပျံသန်းနိုင်သော်လည်း ပန်ကာလေးလုံးတပ် ဒရုန်းငယ်တစ်စီး၏ မြန်နှုန်းသည် တစ်နာရီ မိုင် ၅ဝ ထက် ပိုမည်မဟုတ်ချေ။

Ref: Business Insider

#7DN

ပြည်တွင်းသတင်းများ

​ခြောက်လွှာရှိ နေအိမ်သို့ အနောက်လှေကားမှတက်သူ ခြေချော်ပြုတ်ကျပြီးသေဆုံး

အသက် (၁၉) နှစ်အ ရွယ် အမျိုးသားတစ်ဦး ညအချိန် အိမ်ပြန်လာရာ ခြောက်လွှာရှိ ၎င်း၏ နေအိမ်တိုက်ခန်း အရှေ့ တံခါးပိတ်ထား၍ တိုက်အနောက် ဘက်လှေကားမှ တက်ရောက်စဥ် ခြေချော်ပြုတ်ကျပြီး သေဆုံးခဲ့ ကြောင်း သတင်းရရှိသည်။
 သင်္ဃန်းကျွန်းမြို့နယ် သုဝဏ္ဏ၊ ကြီးပွားရေးရပ်ကွက်နေ အဆိုပါအမျိုးသားသည် တိုက် နောက်ဖေးလမ်းကြားတွင် သေ ဆုံးနေသည်ကို မတ်လ ၁၄ ရက် နံနက်က သိရှိခဲ့ကြောင်း သင်္ဃန်း ကျွန်းမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိတစ်ဦးကပြောသည်။

တိုက်အနောက်ဘက်ရှိ အ ရေးပေါ်သံလှေကားမှ ခြောက် လွှာသို့ တက်ခဲ့သည့် အမျိုးသား သည် ခြေချော်ပြုတ်ကျရာ ဦးခေါင်းနှင့်လက်ဖျံတို့တွင် ဒဏ်ရာများဖြင့် သေဆုံးခဲ့ပြီး ယခင်ကလည်း အိမ်ကို ညဥ့်နက်မှ ပြန်လာ လေ့ရှိကာ တိုက်ခန်းအရှေ့တံခါး ပိတ်ထားလျှင် အနောက်ဘက်အရေးပေါ်လှေကားမှတစ်ဆင့် အ ခန်းသို့ ပြန်ဝင်လေ့ရှိသည်ဟုအ ထက်ပါ ရဲအရာရှိကပြောသည်။

သေဆုံးသူသည် မတ်လ ၁၃ ရက်က ခရစ်ယာန်ဘုရားကျောင်း သို့ ဝတ်ပြုရန် နေအိမ်မှထွက်သွား ပြီး ဘုရားကျောင်းတွင် ညအိပ်ခဲ့ ကာ မတ်လ ၁၄ ရက်၌လည်း ဘုရားကျောင်းတွင် အိပ်မည်ထင် ၍ မိဘများက တိုက်ခန်းတံခါးကို ပိတ်ထားခဲ့ကြောင်း သိရသည်။

#7DN