ပြည်တွင်းသတင်းများ

​ခြောက်လွှာရှိ နေအိမ်သို့ အနောက်လှေကားမှတက်သူ ခြေချော်ပြုတ်ကျပြီးသေဆုံး

အသက် (၁၉) နှစ်အ ရွယ် အမျိုးသားတစ်ဦး ညအချိန် အိမ်ပြန်လာရာ ခြောက်လွှာရှိ ၎င်း၏ နေအိမ်တိုက်ခန်း အရှေ့ တံခါးပိတ်ထား၍ တိုက်အနောက် ဘက်လှေကားမှ တက်ရောက်စဥ် ခြေချော်ပြုတ်ကျပြီး သေဆုံးခဲ့ ကြောင်း သတင်းရရှိသည်။
 သင်္ဃန်းကျွန်းမြို့နယ် သုဝဏ္ဏ၊ ကြီးပွားရေးရပ်ကွက်နေ အဆိုပါအမျိုးသားသည် တိုက် နောက်ဖေးလမ်းကြားတွင် သေ ဆုံးနေသည်ကို မတ်လ ၁၄ ရက် နံနက်က သိရှိခဲ့ကြောင်း သင်္ဃန်း ကျွန်းမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိတစ်ဦးကပြောသည်။

တိုက်အနောက်ဘက်ရှိ အ ရေးပေါ်သံလှေကားမှ ခြောက် လွှာသို့ တက်ခဲ့သည့် အမျိုးသား သည် ခြေချော်ပြုတ်ကျရာ ဦးခေါင်းနှင့်လက်ဖျံတို့တွင် ဒဏ်ရာများဖြင့် သေဆုံးခဲ့ပြီး ယခင်ကလည်း အိမ်ကို ညဥ့်နက်မှ ပြန်လာ လေ့ရှိကာ တိုက်ခန်းအရှေ့တံခါး ပိတ်ထားလျှင် အနောက်ဘက်အရေးပေါ်လှေကားမှတစ်ဆင့် အ ခန်းသို့ ပြန်ဝင်လေ့ရှိသည်ဟုအ ထက်ပါ ရဲအရာရှိကပြောသည်။

သေဆုံးသူသည် မတ်လ ၁၃ ရက်က ခရစ်ယာန်ဘုရားကျောင်း သို့ ဝတ်ပြုရန် နေအိမ်မှထွက်သွား ပြီး ဘုရားကျောင်းတွင် ညအိပ်ခဲ့ ကာ မတ်လ ၁၄ ရက်၌လည်း ဘုရားကျောင်းတွင် အိပ်မည်ထင် ၍ မိဘများက တိုက်ခန်းတံခါးကို ပိတ်ထားခဲ့ကြောင်း သိရသည်။

#7DN

Leave a comment