ပြည်တွင်းသတင်းများ, Breaking News

​”မြို့ကြီးသုံးမြို့မှာ လမ်းမီးများ လျှော့ထွန်းဖို့ ဆောင်ရွက်နေ” 

ယခုနှစ် နွေရာသီကာလဓာတ်အားစနစ် လျှပ်စစ်ဓာတ်အားလုံလောက်ရေးအတွက် နေပြည်တော်၊ ရန်ကုန် နှင့်မန္တလေးမြို့ကြီးများတွင် အသုံးပြုနေသည့်လမ်းမီးများကို လျှော့ချထွန်းညှိနိုင်ရန်ဆောင်ရွက်နေသည်ဟု လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း ဦးဆောင်ညွန်ကြားရေးမှူး ဦးခင်မောင်ဝင်းကပြောသည်။ ထိုသို့ဆောင်ရွှက်နိုင်ရန် သက်ဆိုင်ရာ စည်ပင်သာယာရေးကော်မတီများနှင့် ညှိနူိင်းနေပြီး လျှော့ချနိုင်ပါက ၂ဝ မဂ္ဂါဝပ်သုံးစွဲမူလျော့နည်းမည်ဖြစ်သည်။ လျှော့ချပြီးရရှိလာသည့် လျှပ်စစ်ဓာတ်အားများကို အခြားလိုအပ်သည့်နေရာများသို့ ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဟု ဦးခင်မောင်ဝင်းကပြောသည်။ မတ်လ ၁၆ ရက်က နေပြည်တော်ရှိ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနသတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။
#7DN

ပြည်တွင်းသတင်းများ

​သူနာပြုတက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများ ဝန်ကြီးဌာနကို ပထမဆုံးအကြိမ် ဆန္ဒထုတ်ဖော်၍ အချက်သုံးချက်တောင်းဆို

သူနာပြုတက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများက ကျန်းမာရေးနှင့် အားကစားဝန် ကြီးဌာနသို့ ပထမဆုံးအကြိမ် ဆန္ဒထုတ်ဖော်၍ အချက်သုံးချက် တောင်းဆိုခဲ့သည်။ ကျန်းမာရေး ဝန်ကြီးဌာန၏ စာချုပ်ဖောက်ဖျက်သော သူနာပြုနှင့်သားဖွား များကို ပုဂ္ဂလိကဆေးရုံများတွင် ခန့်အပ်တာဝန်ပေးခြင်းမပြုရန် ဖေဖော်ဝါရီ ၁ ရက်၌ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။ အဆိုပါ ထုတ်ပြန်ချက်အပေါ် မကျေနပ်၍ သူနာပြုတက္ကသိုလ်ကျောင်းသားများက သတင်းစာရှင်းလင်းပွဲပြုလုပ်၍ လိုလားချက်များ တောင်းဆိုသော်လည်း ဝန်ကြီးဌာနဘက်က တုံ့ပြန်မှုမရှိသောကြောင့် ဆန္ဒဖော်ထုတ်ရခြင်းဖြစ်ကြောင်း ဦးဆောင်ပါဝင်သူများ ကပြောသည်။
ရန်ကုန်သူနာပြုတက္ကသိုလ် ကျောင်းသားများသမဂ္ဂမှ ဦး ဆောင်ကာ သူနာပြုတက္ကသိုလ် ကျောင်းသူ ၊ ကျောင်းသား ငါးရာ ကျော်ပါဝင်၍ သူနာပြုတက္ကသိုလ် ရှေ့မှ မြို့တော်ခန်းမရှေ့အထိ ငြိမ်းချမ်းစွာ စီတန်းလှည့်လည် ဆန္ဒထုတ်ဖော်ခဲ့သည်။

‘‘ကျွန်မတို့ဘက်က ဒီမတိုင် ခင် သတင်းစာရှင်းလင်းပွဲလုပ်ပြီး သူတို့ဘက်က တုံ့ပြန်မှုကို ငါးရက် စောင့်ကြည့်ပါတယ်။ တုံ့ပြန်မှုမ လာလို့ ဆန္ဒထုတ်ဖော်တာပါ။ သူ တို့ပြောတဲ့အနေအထားအရ သူ တို့က အင်အားလိုအပ်လို့အတွက်ကြောင့်မို့ပေါ့နော်။ ဒါပေမဲ့ ကျွန်မပြောချင်တာက တကယ်ပဲ လူအင်အားလိုအပ်လို့ သူနာပြု တွေကို လိုအပ်နေတယ်ဆိုလို့ရှိ ရင် သူနာပြုတွေ ဘာကြောင့်ထွက်နေရလဲဆိုတာ သေချာဆန်း စစ်စေချင်ပါတယ်။ သူတို့ဘာ ကြောင့် အလုပ်ထွက်နေရလဲဆို တာ သေချာဆန်းစစ်ပြီးမှသာလျှင် အကောင်းဆုံးဖြေရှင်းနည်းတွေနဲ့ ဖြေရှင်းပေးဖို့ တောင်းဆိုချင်ပါ တယ်။ အခုဆို ပုဂ္ဂလိကဆေးရုံ တချို့တွေက လိုင်စင်မရှိလို့ လက်မခံတာမျိုးတွေ ရှိပါတယ်’’ဟု ရန်ကုန်သူနာပြုတက္ကသိုလ် စတုတ္ထနှစ် တက်ရောက်နေသည့် မအေးမိစံကပြောသည်။

ဖေဖော်ဝါရီ ၁ ရက်က ကျန်း မာရေးနှင့် အားကစားဝန်ကြီးဌာန လက်အောက်ရှိ ဆေးကုသရေး ဦးစီးဌာနမှ ပုဂ္ဂလိဆေးရုံများတွင် သူနာပြုနှင့် သားဖွားတက္ကသိုလ်၊ သင်တန်းကျောင်းများနှင့် သ ဘောတူစာချုပ်ချုပ်ဆိုထားသည့် စာချုပ်ဖောက်ဖျက်သော သူနာပြု နှင့် သားဖွားများကို ခန့်အပ်တာ ဝန်မပေးစေရေး ကြပ်မတ်ဆောင် ရွက်ရန်ဟူသော ညွှန်ကြားချက် ထုတ်ခဲ့သည်။ သူနာပြုဆရာမ များသည် တက္ကသိုလ်သင်တန်း ကျောင်းမှဆင်းလျှင် နိုင်ငံ့တာဝန် ကို သုံးနှစ်ထမ်းဆောင်ရန် သ ဘောတူလက်မှတ် ရေးထိုးရပြီး အဆိုပါသုံးနှစ်မပြည့်မီ ထွက်ပါ က လျော်ကြေးငွေကျပ်လေးသိန်း ပေးလျော်ရန် ယခင်က သတ်မှတ် ထားသည်။ ယခုအခါ သုံးနှစ်ပြည့် မီစွာ ကျောင်းတက်ရောက်ခြင်း မရှိပါက လျော်ကြေးပေးရန်၊ ကျောင်းပြီး၍ လုပ်သက်သုံးနှစ်မ ပြည့်မီ အလုပ်ထွက်ပါက လိုင်စင် ပြန်ယူခွင့်မပြုခြင်းနှင့် ပုဂ္ဂလိက ဆေးရုံများတွင် လိုင်စင်မရှိသော တက္ကသိုလ်ဆင်း၊ သင်တန်းဆင်းသူနာပြုများကို ခန့်အပ်တာဝန်ပေးခြင်း မလုပ်ရန် တားမြစ်ခြင်းစသော စည်းကမ်းချက်အသစ်များကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

ထိုကဲ့သို့ ထုတ်ပြန်ရခြင်းမှာ သူနာပြုကျောင်းဆင်းပြီး အချို့ သည် လုပ်ငန်းခွင်မဝင်ရောက်ဘဲ ပုဂ္ဂလိက ဆေးရုံများသို့ သွား ရောက်လုပ်ကိုင်နေခြင်း၊ အစိုးရ ပိုင်း၌ သူနာပြုသူအရေအတွက် လိုအပ်ချက် မြင့်မားနေခြင်းတို့ ကြောင့် ဖြစ်သည်ဟု တာဝန်ရှိသူ များကပြောသည်။

ထို့ကြောင့် ဆန္ဒထုတ်ဖော် ရာတွင် သူနာပြုနှင့်သားဖွားသင် တန်းကျောင်းများမှ သက်ဆိုင်ရာ ဒီဂရီ၊ ဒီပလိုမာလက်မှတ်ရရှိသူ များအား နိုင်ငံ့ဝန်ထမ်း ဆောင် ရွက်ရန် အမြဲတမ်းလိုင်စင် ချက် ချင်းထုတ်ပေးရန်၊ ကျန်းမာရေး ဝန်ကြီးဌာန၏ ထုတ်ပြန်မှုကို ရုပ်သိမ်းပေးရန်နှင့် မြန်မာနိုင်ငံသူနာပြုနှင့် သားဖွားကောင်စီဥပဒေအခန်း(၂)၊ ၄/(စ)တွင် ပါဝင် သော သူနာပြုသားဖွားလုပ်ငန်း များ ဆောင်ရွက်ရာတွင် အကာ အကွယ်ပေးရန်ဆိုသော အချက် အလက်များကို လက်တွေ့ကျကျ အကောင်အထည်ဖော်ပေးရန်စသည်တို့ကို အဓိကတောင်းဆိုခဲ့ သည်။

‘‘ဒါပြီးတဲ့နောက်မှာ ဘာ ဆက်လုပ်ဖို့ရှိလဲဆိုတော့ သူနာ ပြုတက္ကသိုလ် ကျောင်းသား၊ ကျောင်းသူတွေ၊ ကျောင်းသား ဟောင်းတွေနဲ့ သူနာပြုရပ်ဝန်းနဲ့ အကုန်ညှိနှိုင်းပြီး အားလုံးဆွေး နွေးတိုင်ပင်ပြီး လုပ်သင့်လုပ် ထိုက်တာ လုပ်သွားမှာပါ’’ ဟု ရန်ကုန်သူနာပြုတက္ကသိုလ် ကျောင်း သားများသမဂ္ဂ ဥက္ကဋ္ဌ ကိုမင်း ကျော်လင်းကပြောသည်။

အဆိုပါကိစ္စနှင့် ပတ်သက် ၍ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက မတ်လ ၁၆ ရက် တွင် သတင်းစာရှင်းလင်းပွဲပြု လုပ်မည်ဖြစ်သည်။

မြန်မာနိုင်ငံတွင် လက်ရှိအ ချိန်အထိ ခန့်မှန်းခြေအားဖြင့် သူ နာပြုသားဖွားလိုင်စင် ရရှိထားသူ သုံးသောင်းကျော်ရှိပြီး ယင်းလိုင် စင်ရရှိပြီးသူသည် ပုံမှန်အားဖြင့်  ၂ နှစ်ပြည့်ပြီးပါက တစ်ကြိမ် သက်တမ်းတိုးရသည်။ လက်ရှိ တွင် အစိုးရဝန်ထမ်းသူနာပြုများသည် လစာကျပ်တစ်သိန်းခြောက် သောင်းခွဲခန့်ရရှိပြီး ပုဂ္ဂလိကဆေးရုံများရှိ သူနာပြုများ၏ လစာကျပ် ငါးသိန်းခန့်ရှိကြောင်း သတင်းရ ရှိသည်။

#7DN

ပြည်တွင်းစစ်ပွဲများသတင်း, မူလစာမျက်နှာ

​လောက်ကိုင််ဒေသတိုက်ပွဲများ လျှော့ချရပ်တန့်ရန် မြောက်ပိုင်းလက်နက်ကိုင် လေးဖွဲ့ကို တရုတ်မေတ္တာရပ်ခံ

လောက်ကိုင်ဒေ သတွင် လက်ရှိဖြစ်ပွားနေသော တိုက်ပွဲများ လျှော့ချရပ်တန့်ရန် တရုတ်နိုင်ငံအာရှရေးရာ အထူး ကိုယ်စားလှယ် မစ္စတာဆွန်ကော် ရှန်းက မြောက်ပိုင်းလက်နက်ကိုင် လေးဖွဲ့ကို မေတ္တာရပ်ခံခဲ့ကြောင်း တအာင်း လက်နက်ကိုင်အဖွဲ့ (TNLA)မှ အထွေထွေအတွင်းရေး မှူး ဗိုလ်မှူးကြီးတာ့ဘုန်းကျော်က ပြောသည်။
 မြောက်ပိုင်းလက်နက်ကိုင် အဖွဲ့များဖြစ်သော ကချင်လက် နက်ကိုင်အဖွဲ့ (KIO/KIA)၊ တအာင်းလက်နက်ကိုင်အဖွဲ့ (TNLA)၊ ကိုးကန့်လက်နက်ကိုင် အဖွဲ့ (MNDAA)၊ ရခိုင်လက်နက် ကိုင်အဖွဲ့ (AA) တို့သည် မတ်လ ၁၄ ရက်က ဆွန်ကော်ရှန်းနှင့် တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့တွင်တွေ့ဆုံခဲ့သည်။

‘‘တွေ့တဲ့အချိန်မှာ နံပါတ် တစ်ကတော့ မစ္စတာဆွန်ကော် ရှန်းအနေနဲ့ ကျွန်တော်တို့တိုက်ပွဲ တွေပြင်းထန်နေတဲ့ဟာတွေတိုက် ပွဲတွေလျှော့ချရပ်တန့်ဖို့ မေတ္တာ ရပ်ခံတယ်။ အဓိကကတော့ ဒီကိုး ကန့် လောက်ကိုင်အရှေ့ဘက် ခြမ်းမှာ တိုက်ပွဲတွေဖြစ်နေတယ်။ တရုတ်နယ်စပ်ဘက်မှာဖြစ်နေ တော့ နယ်စပ်ကိုကျော်ပြီးတော့ ပြေးလာတဲ့ ဒုက္ခသည်တွေက လည်း ခြောက်သောင်း၊ ခုနစ် သောင်းရှိပြီ။ အမြန်တိုက်ပွဲတွေ ရပ်တန့်ဖို့ ကျွန်တော်တို့ကို မေတ္တာရပ်ခံတယ်’’ဟုတွေ့ဆုံမှု တွင်ပါဝင်သည့် တာ့ဘုန်းကျော် ကပြောသည်။

ထို့အပြင် မြောက်ပိုင်းလက် နက်ကိုင် အဖွဲ့များအနေဖြင့် ဒေါက်တာတင်မျိုးဝင်း ခေါင်း ဆောင်သည့် အစိုးရ၏ ငြိမ်းချမ်း ရေးကော်မရှင်နှင့် တွေ့ဆုံဆွေး နွေးရန် ၊ ၂၁ ရာစုပင်လုံညီလာခံ သို့ ဖိတ်ကြားပါက တက်ရောက် ရန်လည်း တရုတ်ကိုယ်စားလှယ် က တိုက်တွန်းကြောင်း ၎င်းကဆို သည်။

 ‘‘ကျွန်တော်တို့ကလည်း တွေ့ဆုံဆွေးနွေးချင်တဲ့ ဆန္ဒ အ ပြည့်အဝရှိတယ်။ ဒါပေမဲ့လည်း ဒေါက်တာတင်မျိုးဝင်းတို့က ကျွန် တော်တို့ကို တွေ့မယ်ဆိုပေမယ့် လည်း အခုထက်ထိ တိုက်ရိုက် ဆက်သွယ်ပြီးတွေ့ဖို့ ညှိနှိုင်းတာ လည်းမရှိဘူး’’ဟု တာ့ဘုန်းကျော် ကပြောသည်။

တပ်မတော်က TNLA, AA နှင့် MNDA တို့အပေါ် ထားရှိ သည့် သဘောထားက အစိုးရ ကိုယ်စားလှယ်အဖွဲ့နှင့်မြောက် ပိုင်းလက်နက်ကိုင်အဖွဲ့များတွေ့ ဆုံရေး အခက်အခဲဖြစ်နေကြောင်း တရုတ်ကိုယ်စားလှယ်ဘက်သို့ ပြန်လည်ပြောကြားခဲ့သည်ဟု၎င်း ကပြောသည်။

‘‘ကျွန်တော်တို့ဘက်က အဓိ က ပြန်တင်ပြတာက ပြီးခဲ့တဲ့လ တုန်းက ပန်ခမ်းတတိယအကြိမ် အစည်းအဝေးမှာ နိုင်ငံရေးတွေ့ ဆုံဆွေးနွေးရေးကော်မတီ ဖွဲ့ပြီး တော့မှ တွေ့ဆုံဆွေးနွေးတဲ့ နည်းလမ်းအသစ်တွေ ရှာဖွေသွား ဖို့ ကျွန်တော်တို့ဆုံးဖြတ်ထား တယ်။ အဲဒါသည် လက်တွေ့ အလုပ်လုပ်မယ်ဆိုရင်တော့ အခု ဖြစ်နေတဲ့ တိုက်ပွဲတွေ၊ ပြီးတော့ နိုင်ငံရေးပြဿနာတွေ ပိုပြီး လက်တွေ့ကျကျ ဆောင်ရွက်နိုင် မယ်လို့ ကျွန်တော်ထင်တယ်။ မစ္စတာ ဆွန်ကော်ရှန်းအနေနဲ့ အတတ်နိုင်ဆုံးကူညီပေးပါ။ ဒါ ကတော့ ကျွန်တော်တို့ဘက်က တင်ပြတာ’’ဟုတာ့ဘုန်းကျော်က ပြောသည်။

မစ္စတာ ဆွန်ကော်ရှန်းက ပန်ခမ်းအစည်းအဝေးကိစ္စအပေါ် အပြည့်အဝကူညီမည်ဟု မပြော သော်လည်း တစ်ဖွဲ့ချင်းစီတွေ့လို ပါက အစိုးရကိုယ်စားလှယ်အဖွဲ့ နှင့်တွေ့ဆုံဆွေးနွေးရန် ညှိနှိုင်း ပေးမည်ဟု ပြန်လည်ဖြေကြားခဲ့ ကြောင်း တာ့ဘုန်းကျော်ကဆို သည်။

#7DN

နိုင်ငံရေးသတင်း၊ လွှတ်တော်သတင်းများ, ပြည်တွင်းသတင်းများ, မူလစာမျက်နှာ

​တံတားအမည်ပေးရန် သမီးအဆိုကို ဖခင်ဝန်ကြီး သဘောမတူ

တံတားအမည်ကိစ္စမှာ နိုင်ငံရေးပင်ဖြစ်ကြောင်း ဦးဝင်းထိန်ပြောကြား
မွန်ပြည်နယ်အ တွင်းရှိ တံတားတစ်ခုအမည်ကို ဗိုလ်ချုပ်အောင်ဆန်းတံတားဟု အမည်ပေးရန် အစိုးရကိုတိုက် တွန်းသည့်အဆို တင်သွင်းခဲ့သူ  ပြည်သူ့လွှတ်တော် ကိုယ်စား လှယ်ဒေါ်မိကွန်ချမ်း၏ ဖခင်ဖြစ် သူ တိုင်းရင်းသားလူမျိုးများရေး ရာဝန်ကြီးဌာန ပြည်ထောင်စုဝန် ကြီးဦးနိုင်သက်လွင်က သမီး၏ အဆိုမှာ သင့်တော်မှုမရှိကြောင်း ယမန်နေ့တွင် ထုတ်ဖော်ပြော ကြားသည်။
‘‘မသင့်တော်ဘူး။ တိုင်းရင်း သားစည်းလုံးညီညွတ်မှုအတွက် ရော လူမျိုးအချင်းချင်းမုန်းတီးမှု လည်းဖြစ်တယ်။ အဲဒီလိုဟာမျိုး တွေက ဒီလွှတ်တော်ထဲလာပြီး တော့ တင်သွင်းအနိုင်ယူတာ မ သင့်တော်ဘူး။ မဖြစ်သင့်ဘူး’’ဟု ဝန်ကြီးက မတ်လ ၁၅ရက်တွင် ကျင်းပသော ပြည်ထောင်စုလွှတ် တော်အစည်းအဝေးခေတ္တရပ်နား ချိန်၌ အဆိုပါတံတားကိစ္စနှင့်ပတ် သက်၍ မီဒီယာများ၏ မေးမြန်းမှု ကို ဖြေကြားရာတွင် ထည့်သွင်း ပြောကြားခဲ့သည်။ဝန်ကြီးဦးနိုင်သက်လွင်၏ သမီး အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ပေါင်မြို့နယ် ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဒေါ်မိကွန် ချမ်းသည် မော်လမြိုင်နှင့်ချောင်း ဆုံမြို့နယ်အကြား သံလွင်မြစ် ပေါ်တွင် တည်ဆောက်ထားသော တံတားအမည်ကို အမျိုးသား ခေါင်းဆောင်ကြီးဗိုလ်ချုပ်အောင် ဆန်းကို ဂုဏ်ပြုသောအားဖြင့် ဗိုလ်ချုပ်အောင်ဆန်းတံတားဟု အမည်သတ်မှတ်ပေးရန် အစိုးရ အား တိုက်တွန်းသည့်အဆိုကို လွှတ်တော်သို့ တင်သွင်းခဲ့သည်။

ယင်းအဆိုကို မတ်လ ၁၄ ရက်က ကျင်းပသော ပြည်သူ့ လွှတ်တော်တွင် လွှတ်တော်ကိုယ် စားလှယ် ၁၅ဦးတို့က ဆွေးနွေးခဲ့ ကြပြီးနောက် မဲခွဲဆုံးဖြတ်ရာ၌ ထောက်ခံသူများသောကြောင့်အ ဆိုကိို အတည်ပြုခဲ့သည်။

အငြင်းပွားနေသည့် တံတား အမည်ပေးမှုအပေါ် ဒေ သခံများကြိုက်နှစ်သက်သည့်အ မည်ကိုပေးခြင်းက အကောင်းဆုံး ဖြစ်ကြောင်းနှင့်် တံတားအမည် ပေးမှုသည် ၎င်းတာဝန်ယူထား သည့် ဝန်ကြီးဌာနနှင့််သက်ဆိုင် သော ကိစ္စမဟုတ်ကြောင်းလည်း ဆက်လက်ပြောကြားသည်။

‘‘မော်လမြိုင်ဘက်က မော် လမြိုင်တံတားပေါ့။ ချောင်းဆုံ ဘက်က ဒေသခံတွေက ချောင်း ဆုံတံတားပေါ့။ အရင်တုန်းက  သံလွင်တံတား(ချောင်းဆုံ) လို့ အကြီးကြီးတပ်ထားတယ်။ နှစ်ခုလုံးကြိုက်အောင် မော်လမြိုင်- ချောင်းဆုံ-သံလွင်တံတားဆိုပြီးသွားပြီ’’ ဟု ဦးနိုင်သက်လွင်ကအကြံပြုသည်။

ဒေသခံအချို့က တံတားကို ဗိုလ်ချုပ်အောင်ဆန်းတံတားဟု အမည်ပေးမှုအပေါ် ကန့်ကွက် ဆန္ဒပြမှုများရှိခဲ့ပြီး ကန့်ကွက်နေ သည့်ကြားမှ လွှတ်တော်တွင် ဗိုလ် ချုပ်အောင်ဆန်း တံတားအဖြစ် အမည်ပေးရန် အစိုးရကို တိုက် တွန်းသည့်အဆိုကို မဲခွဲဆုံးဖြတ် လိုက်ခြင်းအပေါ် ဝေဖန်မှုများ ထွက်ပေါ်လာခဲ့သည်။

မွန်တိုင်းရင်းသား တစ်ဦးလည်းဖြစ်ပြီး တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး တာဝန်ယူထားသူ ဦးနိုင်သက်လွင်က ‘‘အဆိုတင်တဲ့သူက ငါ့သမီးဖြစ်နေတော့ ပိုဆိုးတာပေါ့’’ ဟု မီဒီယာများအား ပြောသည်။ ‘‘အဖေနဲ့ သမီးက သဘော တူရမယ်လို့ ဘယ်သူကမှပြောလို့ မရဘူး။ သူ့ဆန္ဒနဲ့သူ သူ့သဘော ထားနဲ့သူ။ တစ်ယောက်နဲ့ တစ် ယောက်အပြစ်တင်နေလည်း ဘာမှအကျိုးမရှိဘူး။ အမုန်းပွားရုံပဲရှိ မယ်’’ ဟု ဝန်ကြီးက ဆိုသည်။ဒေါ်မိကွန်ချမ်းကိုဆက်သွယ်မေးမြန်းရန် ကြိုးပမ်းခဲ့သော်လည်း ဆက်သွယ်၍မရခဲ့ပေ။

သို့သော် အဆိုရှင် ဒေါ် မိကွန်ချမ်းက ၎င်း၏ အဆိုကို ပြည်သူ့လွှတ်တော်သို့ တင်သွင်း ခဲ့စဥ်က ‘ဗိုလ်ချုပ်အောင်ဆန်း သည် အမျိုးသား အာဇာနည် ခေါင်းဆောင်ကြီးဖြစ်သလို လွတ် လပ်ရေးဗိသုကာကြီးလည်းဖြစ်ခဲ့ တဲ့အတွက် ၎င်းရဲ့အမည်ကို ပြည် ထောင်စုမြန်မာနိုင်ငံတော်က ပိုင် ဆိုင်ပါတယ်။ နိုင်ငံတော်က ပိုင် ဆိုင်တဲ့အတွက် မည်သည့်လူမျိုး ကိုမှ ကိုယ်စားပြုခြင်း မဟုတ်ပါ ဘူး။ တိုင်းရင်းသားများ စုပေါင်း နေထိုင်သည့် မည်သည့်တိုင်းနှင့် ပြည်နယ်များမဆို အမှတ်တရ ဂုဏ်ပြုထားလို့ရပါတယ်’’ဟု ဆိုခဲ့ သည်။ ထို့အပြင် မြန်မာနိုင်ငံတွင် မြစ်ကူးတံတားများတည်ဆောက် ထားပြီးဖြစ်သော်လည်း အမျိုး သားခေါင်းဆောင်ကြီး ဗိုလ်ချုပ် အောင်ဆန်း၏ အမည်ဖြင့်မှည့် ခေါ်သတ်မှတ်ထားသော တံတား တစ်စင်းမျှမရှိသောကြောင့် ယင်း တံတားကို ဗိုလ်ချုပ်အောင်ဆန်း အမည်ဖြင့် ဂုဏ်ပြုပေးသင့်သည် ဟု အဆိုတင်သွင်းစဥ်က ဒေါ်မိ ကွန်ချမ်းက လွှတ်တော်သို့တင်ပြခဲ့သည်။ အာဏာရပါတီ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ် အမှုဆောင်အဖွဲ့၏ အတွင်းရေး မှူးအဖွဲ့ဝင် ဦးဝင်းထိန်ကမူ ‘‘အဲဒီ အဆိုတင်တဲ့ပုဂ္ဂိုလ်တွေ ကျွန် တော့်ဆီလာလို့ ကျွန်တော်ပြော လိုက်တယ်။ ဒါနိုင်ငံရေးပဲ။ အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်က နိုင်ငံ ရေးခရီးကြမ်းကြီးကို ဖြတ်သန်း လာခဲ့တာ သူများဝေဖန်နေတဲ့ ကိစ္စကို ဘယ်လိုမှမဖြစ်နဲ့ ဆေးခါးကြီးပဲသောက်လိုက်တော့လို့ ပြောလိုက်တယ်’’ဟုပြောသည်။

တံတားအမည်ကို ဗိုလ်ချုပ်အောင်ဆန်းတံတားဟု အမည်ပေးမှုအပေါ် မကျေနပ်သဖြင့် မတ်လ ၁၉ ရက်တွင် ကျ ရောက်မည့် မွန်ပြည်နယ်နေ့၌ ဒေ သခံအချို့က ငြိမ်းချမ်းစွာ ဆန္ဒပြ တောင်းဆိုမှုများ ပြုလုပ်မည်ဖြစ် ကြောင်း ဆန္ဒပြပွဲစီစဥ်နေသူများ ကပြောသည်။

#7DN