မြန်မာ့သတင်း


မြန်မာ့သတင်း ဖေ့စ်ဘုတ်စာမျက်နှာနှင့် အင်တာနက်စာမျက်နှာအား ပြုလုပ်ရခြင်း၏ အဓိကရည်ရွယ်ချက်မှာ မြန်မာနိုင်ငံအတွင်းရှိ သတင်းဌာနများသည် မြန်မာစာစံစနစ် ယူနီကုဒ်အား ရှေ့ဆောင်လမ်းပြ သုံးစွဲပေးရမည်ဖြစ်သော်လည်း သုံးစွဲသူတို့၏ အလိုကိုလိုက်ပြီး စံမမှီသော ဇော်ဂျီဖောင့်ကိုသာ သုံးစွဲနေကြခြင်းကြောင့် ယူနီကုဒ်ကို မိမိအသိစိတ်ဓာတ်ရှိရှိဖြင့် ပြောင်းလဲသုံးစွဲနေကြသူများအတွက် သတင်းများ ဖတ်ရှုရာတွင် အခက်အခဲ ရှိနေခဲ့ကြပါသည်။ သတင်းဌာနများကို အကြိမ်ကြိမ်အခါခါ စာတို့ပို့၍ တောင်းဆိုမှုများ ပြုလုပ်ခဲ့ကြသော်လည်း ဂရုမပြုကြဘဲ လျစ်လျူရှုထားခဲ့ကြပါသည်။ ထို့ကြောင့် အဆိုပါ သတင်းဌာနများမှ သတင်းများအားလုံးကို ဇော်ဂျီစာသားမှ ယူနီကုဒ်စနစ်မြန်မာစာအဖြစ်သို့ ပြောင်းလဲ၍ ပြန်လည်တင်ပေးရခြင်း ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ အဆိုပါဌာနများမှ ယူနီကုဒ်ကို အသုံးပြုကြသည့်အချိန်တွင် မြန်မာ့သတင်းဖေ့စ်ဘုတ်စာမျက်နှာနှင့် ဝက်ဘ်စာမျက်နှာအား ကျွန်တော်တို့မှ အလိုက်တသိဖြင့် ပြန်လည်ပယ်ဖျက်ပေးသွားမည် ဖြစ်ပါသည်။