ပြည်တွင်းသတင်းများ, မှုခင်းရေးရာ

​ဆိုင်အကူကလေးနှစ်ဦးကို နှိပ်စက်သည့်ဆိုင်ရှင်အမျိုးသမီးအား ကလေးသူငယ်နှိပ်စက်မှုဖြင့် လူမှုဝန်ထမ်းက ဦးတိုက်လျှောက်ထား

နှိပ်စက်ဒဏ်ရာများကို ပြသနေသော ကလေးငယ် (ဓာတ်ပုံ-စိုင်းဇော်)

အောင်မင်္ဂလာအဝေး ပြေးဂိတ်ရှိ စတိုးဆိုင်မှ ဆိုင်အကူ ကလေးငယ်နှစ်ဦးကို ညှဥ်းပန်း နှိပ်စက်ခဲ့သည့် ဆိုင်ရှင်အမျိုးသမီးအား ကလေးသူငယ်ညှဥ်းပန်း နှိပ်စက်မှုဖြင့် အရေးယူပေးရန် လူမှုဝန်ထမ်းဦးစီးဌာနက တရားရုံးသို့ ဦးတိုက်လျှောက်ထားခဲ့သည်။
မတ်လ ၁၃ ရက်က အသက် (၁၂)နှစ်နှင့် (၁ဝ)နှစ်အရွယ် ဆိုင်အကူမိန်းကလေးနှစ်ဦးကို နှိပ်စက်ရိုက်နှက်သဖြင့် ဆိုင်ရှင် ဒေါ်ဖြူဖြူထွန်းကို ရာဇသတ်ကြီးပုဒ်မ ၃၂၅/၃၂၆ အပြင်းအထန်နာကျင်စေ မှုဖြင့် ဒုရဲအုပ်ဟန်ကိုဦးက အမှုဖွင့်ပြီး မတ်လ ၁၄ ရက်တွင် ကလေးသူငယ်နှိပ်စက်ညှဥ်းပန်းမှုဖြင့် အရေးယူပေးရန် အမျိုးသမီးကလေးများ သင်တန်းကျောင်း ကျောင်းအုပ် ကြီး ဒေါ်နီနီဝင်းက တရားရုံးသို့ လျှောက်ထားခဲ့သည်။

နှိပ်စက်ဒဏ်ရာများကို ပြသနေသော ကလေးငယ် (ဓာတ်ပုံ-စိုင်းဇော်)

မြို့နယ်တရားရုံးက မှုခင်း ဆေးစစ်ချက်အပြည့်အစုံ မရရှိသေးသဖြင့် ဦးတိုက်လျှောက်ထားမှုကို လက်ခံခြင်းမရှိသေးကြောင်း မင်္ဂလာဒုံတရားရုံးမှ စုံစမ်းသိရသည်။
ကလေးသူငယ်နှိပ်စက်ညှဥ်း ပန်းမှုဥပဒေပုဒ်မ ၆၆(ဃ) သည် ထောင်ဒဏ် ၂ နှစ်ဖြစ်စေ၊ ငွေဒဏ်ကျပ် ၁ဝ,ဝဝဝ ဖြစ်စေ၊ ဒဏ် နှစ်ရပ်စလုံးဖြစ်စေ ချမှတ်နိုင်သည်။  ကလေးငယ်များမှာ ပြင်ပဒဏ်ရာအညိုအမည်းစွဲသည်အထိ ရိုက်နှက်ခြင်း၊ သံတုတ်ဖြင့် ရိုက်နှက်ခြင်း၊ သံချောင်းဖြင့် အသားကို ထိုးခြင်း၊ မီးပူဖြင့် ကပ် ခြင်း၊ သံချောင်းကို မီးဖုတ်၍ ခန္ဓာကိုယ်အနှံ့သို့ တို့ခြင်းများ ရှိနေ ကြောင်း ရဲစစ်ချက်တွင် ဖော်ပြ ထားသည်။

ကလေးငယ် တစ်ဦးသည် ခြေထောက်အရိုးအက်သည့် အနေအထားရှိပြီး စိတ်ကျန်းမာရေးနှင့် ဦးနှောက်ပိုင်းစစ်ဆေးမှု များလည်း ပြုလုပ်ခဲ့ကာ ပုံမှန်အနေအထားတွင်ရှိကြောင်း အင်းစိန်ဆေးရုံမှ အထွေထွေခွဲစိတ် အထူးကုဆရာဝန်ကြီး ဒေါက်တာ သန်းဦးက ပြောသည်။

အဆိုပါ ကလေးငယ်နှစ်ဦးသည် တောင်တွင်းကြီးနှင့် ဒေးဒရဲ မြို့တို့မှ တစ်လလျှင် ကျပ် ၃ဝ,ဝဝဝ ဖြင့် အလုပ်လာရောက် လုပ်ကိုင်ခြင်းဖြစ်ပြီး ၎င်းတို့မိဘများကိုလည်း ရဲတပ်ဖွဲ့က အကြောင်းကြား၍ ခေါ်ယူထားပြီ ဖြစ်သည်။

#7DN

ပြည်တွင်းသတင်းများ, မူလစာမျက်နှာ

​ငွေကြေးအရှုပ်အရှင်းရှိသည့် သစ်သီးကားများနှင့် ပတ်သက်၍ ၁ဝ၅ မိုင်သစ်သီးကုန်စည်ဒိုင် ထုတ်ပြန်

မူဆယ် ၁ဝ၅ မိုင်ကုန် စည်ဒိုင်တွင် ငွေကြေးအရှုပ်အရှင်း ရှိ၍ တိုင်ကြားခံရသော သစ်သီး ကားများကို ငွေကြေးကိစ္စမရှင်း ဘဲ ဇုန်အတွင်းမှ ထွက်ခွာခွင့် မပြုကြောင်း သတင်းရရှိသည်။
တောင်သူများက ၎င်းတို့မျိုး စေ့နှင့် စရန်ငွေတို့ကို ကြိုထုတ် ထားသည့် သစ်သီးဝလံပွဲရုံတွင် မရောင်းချဘဲ အခြားပွဲရုံများ၌ ရောင်းချသည့်အခါ ငွေကြေးအရှုပ်အရှင်း ဖြစ်ပွားတတ်ကြောင်း ၁ဝ၅ မိုင်သစ်သီးဝလံကုန်စည်ဒိုင် အတွင်းရေးမှူး ဦးစိုင်းခင်မောင်ကပြောသည်။ ထို့အပြင် ပွဲရုံများသည် တခြားပွဲရုံက စရန်ငွေကြိုပေးထားသည့် တောင်သူဆီမှ သစ်သီးများကို ဆင်းဝယ်လျှင်လည်း အရှုပ်အရှင်း ဖြစ်ကြောင်း ၎င်းကပြောသည်။

စရန်ငွေကြိုပေးထားသည့်ပွဲ ရုံက ယင်းကိစ္စကို အချိန်နှင့်တစ် ပြေးညီ တိုင်ကြားလျှင် တိုင် ကြားခံရသည့် တောင်သူ၏ သစ် သီးကားကို တားဆီးကာ ငွေ ပြေလည်သည်အထိ ဖြေရှင်းစေမည်ဖြစ်ကြောင်း၊ ၁ဝ၅ မိုင်သစ်သီးဝလံ ကုန်စည်ဒိုင်က ထုတ်ပြန်သည်။

မတ်လ ၁ဝ ရက်က ပြုလုပ်သည့် သစ်သီးဝလံကုန်စည်ဒိုင်အသင်းသားစုံညီ အစည်းအဝေး၏ ဆုံးဖြတ်ချက်အရ ယင်းကဲ့သို့ သတ်မှတ်လိုက်သည်။ ယခင်က ငွေကြေးအရှုပ်အရှင်းများကို နှစ်ဦးသဘောတူ ကတိကဝတ်များဖြင့် လက်မှတ်ရေးထိုးပြီးပြေလည်မှုရရှိရန် ကုန်စည်ဒိုင်က ဖြေရှင်းပေးခဲ့မှုများရှိကြောင်း ဦးစိုင်းခင်မောင်ကပြောသည်။ သို့သော် ယင်းကဲ့သို့ ပြေလည်မှုမရှိ၍ယာဥ်ကို တားဆီးပြီး လက်ငင်းဖြေရှင်းရန် စီစဥ်ရကြောင်း ၎င်းကပြောသည်။

‘‘တောင်သူကပွဲရုံကို ဘယ် လောက်ပြန်အမ်းရမယ်။ ဒါမှမ ဟုတ်ပွဲရုံ အချင်းချင်း ဘယ် လောက်ပေးစရာရှိလဲ၊ ရှင်းအောင် လုပ်ပြီးပေးစရာရှိတာပေးပြီးမှ ဒီ ကားထွက်လို့ရမယ်။ မဟုတ်ရင် ကုန်စည်ဒိုင်က ရှင်းနေရတာ မပြီး ပြတ်တော့ဘူး။ အကြွေးဟောင်း တွေ၊ ပြဿနာဟောင်းတွေအ များကြီးပဲ။ တစ်ယောက်နဲ့ တစ် ယောက် ကတိခံတယ်။ လက်မှတ် ထိုးတယ်။ ပြီးရင်တောင်သူက ပြန်မလာတော့ရင် ပွဲရုံနှစ်ရုံပဲကျန် ခဲ့ရော။ အဲသလိုဖြစ်တယ်။ ဘယ် လိုဆုံးဖြတ်မလဲဆိုရင် လက်ငင်း ပဲ’’ ဟု ဦးစိုင်းခင်မောင်ကပြော သည်။ထို့အပြင် ပွဲရုံများဘက်က လည်း သစ်သီးစင်များပေါ်တွင် သဘောတူညီသည့်စျေးနှင့် လက် တွေ့တွင် ဘောက်ချာ၌ ရှင်းပေးသည့်စျေးကို တစ်မျိုးစီလုပ်ခြင်း၊ တရုတ်ယွမ်နှင့်မြန်မာငွေလဲလှယ် နှုန်းများကို လျှော့တွက်ပြီး ရှင်း ခြင်းများကို ရောင်းချသည့် တောင်သူများက တိုင်ကြားနိုင် ကြောင်း ၎င်းကပြောသည်။ တိုင် ကြားမှုများကို လက်ရှိတွင် ဖြေရှင်းပေးနေကြောင်း ၎င်းက ပြောကြားသည်။

#7DN

ပြည်တွင်းသတင်းများ

​ရန်ကုန်တွင် လျှပ်စစ်မီးပြတ်တောက်မှု လျှော့ချရန် စီစဥ်နေဟု တိုင်းစီမံဘဏ္ဍာဝန်ကြီးပြော

ရန်ကုန်တိုင်းဒေသကြီး တွင် ယခုနှစ်နွေရာသီ၌ လျှပ်စစ် ဓာတ်အားပြတ်တောက်မှု မရှိစေ ရန် သဘာဝဓာတ်ငွေ့ရရှိမှုပေါ် မူတည်ပြီး လျှပ်စစ်ဓာတ်အားမဂ္ဂါ ဝပ် ၇ဝ ခန့် တိုးမြှင့်ထုတ်လုပ်ရန် စီစဥ်နေကြောင်း တိုင်းဒေသကြီး အစိုးရအဖွဲ့  စီမံကိန်းနှင့် ဘဏ္ဍာ ရေးဝန်ကြီး ဦးမြင့်သောင်းက ပြောသည်။
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဌာနက သဘာဝဓာတ်ငွေ့ ထပ်မံ ရရှိပါက ဂက်စ်တာဘိုင်များဖြင့် ဓာတ်အားထပ်မံတိုးမြှင့်ပေးရန် စီစဥ်ထားသည်ကို  ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ထံ  အသိ ပေးထားကြောင်း ဝန်ကြီးဦးမြင့် သောင်းက မတ်လ ၁၆ ရက်တွင် မြန်မာနိုင်ငံ ကုန်သည်စက်မှု အသင်းချုပ်ရုံး၌ ပြုလုပ်သော ဒုတိယသမ္မတ ဦးမြင့်ဆွေနှင့် စီးပွားရေးလုပ်ငန်းရှင်များ  တွေ့ဆုံပွဲတွင်ပြောကြားသည်။

ထို့အပြင် ရန်ကုန်တိုင်းအတွက် သမ္မတသီးသန့်ရန်ပုံငွေမှ ရရှိသော ကျပ်ဘီလီယံ ၃ဝ ကို ၂၅ မဂ္ဂါဝပ် လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်မည့် မီးစက်များ ဝယ်ယူ၍ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးမည်ဟု ဦးမြင့်သောင်းက ပြောကြားသည်။

‘‘မီးစက်တွေကို အမြန်ဆုံး တပ်ဆင်သွားမယ်’’ဟု ၎င်းက ဆိုသည်။

 စီးပွားရေးလုပ်ငန်းများစွာ လည်ပတ်လုပ်ကိုင်နေသည့် ရန် ကုန်တွင် လျှပ်စစ်ဓာတ်အား နှစ် စဥ် ၁၅ဝ မဂ္ဂါဝပ်မှ ၂ဝဝ မဂ္ဂါဝပ် အထိ တိုးတက်သုံးစွဲလျက်ရှိပြီး လက်ရှိ တစ်နိုင်ငံလုံး လျှပ်စစ် ဓာတ်အား ထုတ်လုပ်မှု၏ ၄ဝ ရာခိုင်နှုန်းခန့် အသုံးပြုလျက်ရှိ ကြောင်း လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာဒုဝန်ကြီး ဒေါက်တာ ထွန်းနိုင်က ပြီးခဲ့သည့်ရက်ပိုင်း အတွင်း ပြောကြားထားသည်။

မီးစက်ဝယ်ယူပြီး လျှပ်စစ် ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးမည် ဆိုပါက ရန်ကုန်တိုင်းဒေသကြီး အတွင်း ယင်းမီးစက်ကို အသုံးပြု ပြီး တစ်ရက်လျှင် ဓာတ်အားငါး နာရီခန့် ဖြန့်ဖြူးပေးရန် စီစဥ်ထား ကြောင်း ၎င်းက ပြည်ထောင်စု လွှတ်တော်သို့ ပြောကြားသည်။

 လျှပ်စစ်ဓာတ်အားထုတ် လုပ်မည့် မီးစက်ကို ဒီဇယ်ဆီ အသုံးပြုမောင်းနှင်ပါက တစ်နာရီ လျှင် ဒီဇယ် ၇,၄၈၈ လီတာခန့် သုံးစွဲရမည်ဖြစ်ပြီး တစ်ရက်လျှင် ငါးနာရီခန့်မောင်းနှင်ပါက ဒီဇယ် ဆီ ဂါလန်တစ်သောင်းခန့် သုံးစွဲ ရမည်ဟု ဒုဝန်ကြီးက ပြောကြား သည်။

ရန်ကုန်တိုင်းသည် မြန်မာ တစ်နိုင်ငံလုံးတွင် စက်မှုလုပ်ငန်း အများဆုံးရှိသည့် တိုင်းတစ်ခုဖြစ် သောကြောင့် အစိုးရအနေဖြင့် လျှပ်စစ်ဓာတ်အားပြတ်တောက် သည့် အခြေအနေမျိုး ကြုံတွေ့ မည်ကို စိုးရိမ်ကြောင်း ဦးမြင့်သောင်းက ဆိုသည်။

မြန်မာနိုင်ငံတွင် နှစ်စဥ် နွေ ရာသီ၌ လျှပ်စစ်မီးပြတ်တောက်မှု များ ကြုံတွေ့နေရပြီး စက်မှုဇုန် များ၌ စက်ရုံပိုင်ရှင်များက ကိုယ် ပိုင်မီးစက်များဖြင့် လုပ်ငန်းလုပ် ကိုင်နေရသဖြင့် လျှပ်စစ်ဓာတ် အား တိုးမြှင့်ရရှိမည့်အခြေအနေ ကို မျှော်လင့်မထားကြောင်း လှိုင် သာယာစက်မှုဇုန်မှ ထုတ်ကုန် လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

သဘာဝဓာတ်ငွေ့ဖြင့် လျှပ် စစ်ဓာတ်အားထုတ်လုပ်ရန် ကုန်း တွင်း သဘာဝဓာတ်ငွေ့သိုက်အသစ်တွေ့ရှိမှု မရှိသေးကြောင်း၊ လက်ရှိထုတ််လုပ်နေသည့် ကမ်း လွန် သဘာဝဓာတ်ငွေ့သိုက်များ ကလည်း စာချုပ်များဖြင့် ရောင်း ချထားကြောင်း လျှပ််စစ်နှင့် စွမ်း အင်ဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

   ကုန်းတွင်းသဘာဝဓာတ် ငွေ့ တွေ့ရှိပါကလည်း စီးပွားဖြစ် ထုတ်လုပ်နိုင်ခြေရှိ၊မရှိ ဦးစွာ စစ်ဆေးရပြီး ထုတ်လုပ်မည်ဆို ပါက ပိုက်လိုင်းသွယ်တန်းခြင်း အပါအဝင် ရင်းနှီးမြှုပ်နှံမှု ငွေ ကြေး၊ ထုတ်လုပ်မှု အချိန် အ နည်းဆုံး တစ်နှစ်ခန့်ကြာမြင့်မည် ဟုဆိုသည်။

မြန်မာနိုင်ငံတွင် လျှပ်စစ် ဓာတ်အားထုတ်လုပ်ရယူသုံးစွဲမှု၌ ရေအားလျှပ်စစ်မှ ၅၉ ရာခိုင်နှုန်း၊ သဘာဝဓာတ်ငွေ့မှ ၄၁ ရာခိုင်နှုန်းရှိကြောင်း ဒုတိယဝန်ကြီး ဦးထွန်းနိုင်က မတ်လ ၃ ရက်တွင် ရန်ကုန်မြို့၌ ပြုလုပ်သော ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဖိုရမ်ဆွေးနွေးပွဲတွင်  ပြောသည်။

#7DN

ပြည်တွင်းသတင်းများ, မှုခင်းရေးရာ

​ဒဂုံဆိပ်ကမ်းတွင် ဓားဒဏ်ရာအများအပြားဖြင့် သေဆုံးနေသော အမျိုးသားတစ်ဦး အလောင်းတွေ့

ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်အတွင်းရှိ ကျန်စစ်သား ကားလမ်းမဘေးတွင် ဓားဒဏ်ရာ ရှစ်ချက်ဖြင့် သေဆုံးနေသည့် အ မျိုးသားတစ်ဦး၏ အလောင်းကို မတ်လ ၁၅ ရက် နံနက် ၈ နာရီ ခွဲက တွေ့ရှိခဲ့ကြောင်း သတင်းရရှိသည်။

လမ်းမဘေးတွင် သေဆုံးနေသူသည် အသက်(၃၅)နှစ်ခန့် အရွယ် အမျိုးသားဖြစ်ပြီး လိမ္မော်ရောင် တီရှပ်အင်္ကျီနှင့် အနက်ရောင် ယောပုဆိုး ဝတ်ဆင်ထား ကာ မည်သူမည်ဝါဖြစ်သည်ကို စုံစမ်းလျက်ရှိကြောင်း ဒဂုံဆိပ် ကမ်းမြို့မရဲစခန်းမှ ရဲအရာရှိတစ် ဦးကဆိုသည်။

သေဆုံးသူသည် လည်ပင်းဘယ်ဘက်တွင် ထိုးသွင်းဒဏ်ရာနှစ်ချက်၊ ညာဘက်လည်ပင်းတွင် ထိုးသွင်းဒဏ်ရာတစ်ချက်၊ ညာဘက်ပါးတွင် ထိုးသွင်းဒဏ်ရာ တစ်ချက်နှင့် ရင်ဘတ်တွင် ထိုးသွင်းဒဏ်ရာလေးချက် ရရှိခဲ့ ကြောင်း ၎င်းက ဆက်လက်ရှင်း ပြသည်။

 သေဆုံးမှုနှင့် ပတ်သက်၍ ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့မရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃ဝ၂ ဖြင့် အမှုဖွင့်ကာ စုံစမ်းလျက်ရှိ ကြောင်း ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့မရဲစခန်းမှ သိရသည်။

#7DN