Uncategorized

​ရန်ကုန်မြို့တော် ဖွံ့ဖြိုးရေး မဟာစီမံကိန်း လာမည့်တိုင်းလွှတ်တော်တွင်တင်ပြမည်

ဖွံ့ဖြိုးတိုးတက်နေသော ရန်ကုန်မြို့တော်ကို တွေ့ရစဉ်(ဓာတ်ပုံ−နစ်ကီ)

ရန်ကုန်မြို့တော်ဖွံ့ဖြိုး ရေးမဟာစီမံကိန်း (Master Plan) ကို မတ်လ ၂ဝ ရက်တွင် ပြန်လည်စတင်မည့် ရန်ကုန်တိုင်း လွှတ်တော်သို့ တင်ပြမည်ဟု တိုင်းအစိုးရ စီမံကိန်းနှင့် ဘဏ္ဍာ ရေးဝန်ကြီး ဦးမြင့်သောင်းက ပြောကြားသည်။
မတ်လ ၁၅ ရက်က ရန်ကုန် မြို့ရှိ မြန်မာနိုင်ငံကုန်သည်များ နှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်တွင် ပြုလုပ်သော ဒုတိယသမ္မတဦးမြင့်ဆွေနှင့် စီး ပွားရေးလုပ်ငန်းရှင်များ တွေ့ဆုံ ပွဲ၌ ဝန်ကြီးကပြောကြားခြင်းဖြစ် သည်။

 ပြန်လည်စတင်မည့် တိုင်း လွှတ်တော်တွင် ရန်ကုန်မြို့ဖွံ့ဖြိုး ရေး မဟာစီမံကိန်းသာမက ၂ဝ၁၇-၁၈ ဘဏ္ဍာနှစ် ရန်ကုန်မြို့၏ ဒေသန္တရစီမံကိန်းမူကြမ်းနှင့် ရသုံးမှန်းခြေ ငွေစာရင်း (ဘတ် ဂျက်) ဥပဒေမူကြမ်းတို့ကို အတည်ပြုရန် တိုင်းအစိုးရက တင်ပြ မည်ဟု ဝန်ကြီးက ပြောသည်။

ရန်ကုန်မြို့တော် ဖွံ့ဖြိုးရေး မဟာစီမံကိန်းကို ဝန်ကြီးချုပ် လမ်းညွှန်ချက်နှင့်အညီ ရေးဆွဲပြီးမြို့သစ်စီမံကိန်း အကောင်အထည်ဖော်ရန် အသေးစိတ်အစီအစဥ်များလည်း ပါဝင်သည်။

ရန်ကုန်မြို့ တစ်ဖက်ကမ်း ဆိပ်ကြီးခနောင်တို၊ တွံတေးနှင့် ကြည့်မြင်တိုင်မြို့နယ်သုံးခုတွင် အကောင်အထည်ဖော်မည့် ရန် ကုန်မြို့သစ်စီမံကိန်းလည်း ရန် ကုန်မြို့တော် ဖွံ့ဖြိုးရေး မဟာစီမံ ကိန်းတွင် ပါဝင်နေသည်။

#7DN

Uncategorized

​မန္တလေးတိုင်း အစိုးရအဖွဲ့တွင် E-Government ဌာနခွဲ ဖွဲ့စည်းမည်။

မန္တလေးတိုင်းအစိုးရအဖွဲ့၏ လုပ်ငန်းဆောင်ရွက်မှုများကို အွန်လိုင်းဝန်ဆောင်မှုများဖြင့် ဆောင်ရွက်ရန် E-Government ဌာနခွဲတစ်ခုဖွဲ့စည်းကာ တိုင်းလွှတ်တော်ရုံးဟောင်းတွင် သီးသန့်ဌာနခွဲတစ်ခုအနေဖြင့် ထားရှိမည်ဖြစ်ကြောင်း သတင်းရရှိသည်။
“E-Government နဲ့ပက်သက်တဲ့ ဖွဲ့စည်းပုံလည်း ချထားပြီးပါပြီ။ သူက E-Government ဝန်ထမ်းဖြစ်ခဲ့ရင် အခြားလုပ်ငန်းတွေ ဘာမှ လုပ်ကိုင်ခွင့် မရှိတော့ဘူးလေ။ ဒီဝန်ထမ်းက သီးသန့်ဝန်ထမ်းဖြစ်သွားမယ်။ ဌာနကလည်း မန္တလေးတိုင်း အစိုးရအဖွဲ့ရဲ့ E-Government ဌာနဆိုပြီးတော့ ဖြစ်လာမှာပါ” ဟု မန္တလေးတိုင်း အစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းကျော်ဇောက ပြောသည်။ 

မန္တလေးတိုင်း လွှတ်တော်ရုံးဟောင်းတွင် သီးသန့်ဖွဲ့စည်းမည့် E-Government ဌာန၌ ဝန်ထမ်းခန့်ထားမှုများအပြင် တိုင်းအစိုးရအဖွဲ့၏ အချက်အလက်များအားလုံးကို တစ်နေရာတည်းတွင် ကြည့်ရှုနိုင်မည့် E-Mandalay Web Portal နှင့် ဒေတာစင်တာတစ်ခုကိုလည်း ထားရှိမည်ဖြစ်ကြောင်း သိရသည်။

“E-Mandalay Web Portal ကိုတော့ ဧပြီလဆန်းပိုင်းလောက်မှာ အများပြည်သူကို တရားဝင်မိတ်ဆက်သွားပါမယ်။ ဒေတာစင်တာအတွက်ကတော့ လက်ရှိတင်ဒါခေါ်ထားပြီး E-Government ဌာန ဖွဲ့စည်းပြီးတော့မှပဲ တည်ဆောက်သွားမှာ ဖြစ်ပါတယ်။ ဝန်ထမ်းကတော့ ရှိတဲ့ဝန်ထမ်းတွေကို သင်တန်းပေးထားပါတယ်။ ကွန်ပြူတာတက္ကသိုလ်ကျောင်းဆင်းတွေကိုပဲ အဓိက စုထားပါတယ်” ဟု ဦးစိုင်းကျော်ဇောက ပြောသည်။ 

လက်ရှိတွင် E-Mandalay Web Portal ၌ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန၊ မန္တလေးတိုင်းရဲတပ်ဖွဲ့၊ လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့နှင့် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနတို့မှ အချက်အလက်များကို ကနဦးအဆင့်အနေဖြင့် ဖော်ပြမည်ဖြစ်ပြီး ဒေတာစင်တာ တည်ဆောက်ပြီးပါက တိုင်းအစိုးရအဖွဲ့ တစ်ခုလုံး၏ လုပ်ငန်းဆောင်ရွက်မှုများကို အွန်လိုင်းစနစ်ဖြင့် ဆောင်ရွက်နိုင်ရန် အကောင်အထည်ဖော်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

Uncategorized

တာမွေမြို့နယ် ဒုဦးစီးမှူးတစ်ဦး ကြိုးဆွဲချသေဆုံး

တာမွေမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အသက် ၂၇ နှစ်အရွယ် ဒုဦးစီးမှူးတစ်ဦး ယနေ့(မတ်လ ၁၅ ရက်) နံနက် ၁ဝ နာရီခန့်က ကြိုးဆွဲချသေဆုံးမှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
“ကျွန်တော်တို့ ရောက်သွားတော့ သူကြိုးဆွဲချသေတဲ့နေရာနဲ့ ရှေ့နှစ်ပေသုံးပေလောက်မှာ သွေးအိုင်တစ်ကွက် တွေ့တယ်။ 

နောက်ပြီး သူ့နဖူးမှာလဲ ကွဲထားတဲ့ဒဏ်ရာတွေ့တယ်။ သူ့ဖုန်းကို ယူကြည့်လိုက်တော့ ဒီမနက် ၈ နာရီ ခွဲအထိ သူအပြင်နဲ့ဆက်သွယ်ထားတာတွေ့တယ်”ဟု တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းက ဆိုသည်။တာမွေမြို့နယ်၊

 မေတ္တာညွှန့်ရပ်ကွက်၊ အဝေရာလမ်းအတွင်းရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးစီးဌာနဝင်း အတွင်းရှိ လိုင်းခန်းအနောက်ဘက်တွင် ကြိုးဆွဲချသေဆုံးခဲ့ခြင်းဖြစ်ကြောင်း တာမွေမြို့နယ်ရဲတပ်ဖွဲ့ထံမှသိရသည်။

“ဘာလို့သေတာလဲ ဆိုတာတော့ မသိသေးဘူး။ ကျွန်တော်တို့ စစ်ဆေးနေတုန်းပဲ။ သေဆုံးသူက ဒုဦးစီးမှူးနေမျိုးဆွေပါ။ အသေးစိတ်တော့မသိရသေးပါဘူး”ဟု ၎င်းကဆိုသည်။

#7DN

Uncategorized

​မြန်မာနိုင်ငံနဲ့ နိုင်ငံ ၇ ခု သံတမန်အဆက်အသွယ် ထပ်တိုးထူထောင်မည်

( ဓါတ်ပုံ – မြန်မာနိုင်ငံ အလံကို တွေ့ရစဥ် )

မြန်မာနိုင်ငံ နဲ့ နိုင်ငံ ၇ နိုင်ငံအကြား သံတမန်အဆက်အသွယ် ထူထောင်ဖို့ ပြည်ထောင်စုလွှတ်တော်မှာ ဒီကနေ့ အတည်ပြုလိုက်ပါတယ်။

နိုင်ငံတော်သမ္မတက မြန်မာနိုင်ငံနဲ့ နိုင်ငံ ၇ နိုင်ငံအကြား သံတမန်အဆက်အသွယ် ထူထောင်ဖို့ ပြည်ထောင်စုလွှတ်တော်ထံ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၄ ရက်နေ့က သဝဏ်လွှာပေးပို့ထားတာဖြစ်ပြီး ဒီနေ့မှာ လွှတ်တော်ကိုယ်စားလှယ် ၁၁ ဦးက ထောက်ခံဆွေးနွေးပြီး အတည်ပြုလိုက်တာပါ။

မြန်မာနိုင်ငံနဲ့ သံတမန်ဆက်သွယ်မယ့်နိုင်ငံတွေ လိုက်ဘေးရီယား၊ ဂီနီ၊ ဗာတီကန်၊ အီကွေဒေါ၊ မော်လ်တာ စတဲ့ နိုင်ငံတွေဖြစ်ပြီး လက်ရှိအချိန်အထိ မြန်မာနိုင်ငံနဲ့ သံတမန်ဆက်သွယ်မှုမှာ နိုင်ငံပေါင်း ၁၁၄ နိုင်ငံအထိရှိတယ်လို့ သိရပါတယ်။

ဒါ့အပြင် သံတမန်ဆက်သွယ်တဲ့အခါမှာ တိုင်းပြည်ရဲ့ဘဏ္ဍာငွေအခြေအနေအရ နိုင်ငံအားလုံးမှာ သံရုံးတွေဖွင့်လှစ်သွားမှာ မဟုတ်ဘဲ နီးစပ်ရာ အဆင်ပြေတဲ့နိုင်ငံတွေမှာ သံအမတ်ကြီးတွေ ထားသွားမှာဖြစ်တယ်လို့ သိရပါတယ်။

RFA Burmese