မူလစာမျက်နှာ, ရုပ်ရှင်နှင့် တေးဂီတကဏ္ဍ, အနုပညာသတင်း

​ပြည်မြို့ဖျော်ဖြေပွဲကို ပရိသတ်နဲ့ ဆိုင်ကယ်အတူစီးရင်းသွားမယ့် ဇော်ဝင်းထွဋ်

ပြည်မြို့တွင် ပြုလုပ်မည့်Ayeyarwaddy Rock Night ဖျော်ဖြေပွဲသို့ သွားရောက်သီဆိုရန် ဇော်ဝင်းထွဋ်နှင့် ပရိသတ်အချို့ က ရန်ကုန်−ပြည်လမ်းတစ်လျှောက် ဆိုင်ကယ်များစီး၍ ပြည် မြို့သို့ သွားရောက်မည် ဖြစ် ကြောင်း သတင်းရရှိသည်။
‘‘ခရီးစဥ်က ကြို့ပင်ကောက် ကနေ စမယ်။ အဲဒီမှာ ပြည်ကရော၊ တခြားနေရာတွေကရော ဒီခရီး စဥ်မှာ ပါဖို့ စိစစ်ပြီး လက်ခံထား တာတွေရှိတယ်။ အဲဒီမှာ ဆုံပြီး စစီးမယ်။ အင်းမမှာ တစ်ထောက် နားမယ်။ နောက်ပြီး ပြည်မြို့ထဲ ကို စီးမယ်။ မြို့ကိုလည်း ပတ် မယ်။ နောက်ပြီး ၄ နာရီခွဲ၊ ၅ နာရီလောက်ကျရင် Sunset နဲ့အ တူ တံတားကို ဆိုင်ကယ်တန်းကြီး နဲ့ ဖြတ်မယ်။ နောက်ဆုံး ဟိုတယ် မှာ ခရီးစဥ်အဆုံးသတ်မယ်’’ဟု ယင်းဖျော်ဖြေပွဲစီစဥ်သူ မဆိုဖီ ယာက ပြောသည်။

Ayeyarwaddy Rock Nightဖျော်ဖြေပွဲကို မတ်လ ၁၈ ရက်တွင် ပြည်မြို့ မင်္ဂလာရွှေပြည်အားက စားကွင်း၌ ပြုလုပ်မည်ဖြစ်ပြီး ဆိုင်ကယ်စီးသည့် အစီအစဥ်ကို ယနေ့(မတ်လ ၁၇ ရက်)  ပြုလုပ် မည်ဖြစ်ကာ ဆိုင်ကယ်အစီးရေ ၁ဝဝ ခန့် ပါဝင်နိုင်ကြောင်း ထုတ် ပြန်ချက်၌ ပါရှိသည်။

အဆိုတော် ဇော်ဝင်းထွဋ် သည် ပြည်မြို့တွင် မဖျော်ဖြေဖြစ်သည်မှာ နှစ်ပေါင်း ၂ဝ ကျော်ကြာမြင့်ပြီဖြစ်ပြီး ဆိုင်ကယ်စီးသည့် အစီအစဥ်ကို ပရိသတ်များက တောင်းဆိုသကဲ့သို့ ၎င်းကိုယ် တိုင် ဆန္ဒရှိသောကြောင့် စီစဥ်ခဲ့သည်ဟု မဆိုဖီယာကပြောသည်။

ဖျော်ဖြေပွဲတွင် ဇော်ဝင်းထွဋ်နှင့်အတူ ဂျီလတ်၊ ဝေလ၊ ကော်နီ၊    ဖြူဖြူကျော်သိန်းတို့ လည်း ပါဝင်မည်ဖြစ်ပြီး လက်မှတ်များကို ကျပ်ရှစ်ထောင်၊ ကျပ်နှစ်သောင်းခွဲနှင့် ကျပ်သုံးသောင်း အသီးသီးသတ်မှတ်ထားကြောင်း သတင်းရရှိသည်။

#7DN

မူလစာမျက်နှာ, အနုပညာသတင်း

​အနက်ရောင်ဖက်ရှင်နဲ့ အကယ်ဒမီပွဲတက်မယ့် သက်မွန်မြင့်

ဒီဇိုင်နာမပုံ့နှင့်အတူတွေ့ရသည့်သက်မွန်မြင့်

၂ဝ၁၆ အတွက် ‘ချစ်လှ စွာသောအမုန်း’ ဇာတ်ကားဖြင့် အမျိုးသမီးဇာတ်ဆောင်ဆုရရှိ မည်ဟု ထင်ကြေးပေးခံရသော သက်မွန်မြင့်က ရုပ်ရှင်ထူးချွန်ဆု ပေးပွဲသို့ အနက်ရောင်ဖက်ရှင် ဖြင့် တက်ရောက်မည်ဖြစ်သည်။
‘‘သူက ကလေးမွေးပြီးခါစ ခန္ဓာကိုယ်ကလည်း နည်းနည်း ပြည့်နေတော့ အနက်ရောင်လေး ဝတ်ရင် သူ့ဟာသူလည်း Confi-dence ရှိမယ်၊ စိတ်လုံခြုံမှုရှိမယ် လို့လည်း စိတ်ကူးတယ်။ နောက် ပြီး သူက ခါးနာနေတော့ သက် သောင့်သက်သာဖြစ်ရမယ်။ သူ့ အသက်အရွယ်နဲ့ လုံလုံခြုံခြုံ၊ ကျက်သရေရှိရှိလေးဖြစ်အောင် စီစဥ်ထားတယ်။ သူဝတ်မယ့် ချိတ်ဒီဇိုင်းရယ်၊ သူခြုံမယ့်ပဝါလေး ရယ် အဓိကလုပ်ပေးထားတယ်။ အင်္ကျီကတော့ ပြောင်ရှင်းလေးပဲ လုပ်ထားတယ်’’ဟု သက်မွန်မြင့်၏ဝတ်စုံကို ချုပ်လုပ်ပေးမည့် ဒီဇိုင် နာ မပုံ့ (My Favourite) က ပြော သည်။

သက်မွန်မြင့်ဝတ်ဆင်မည့် ချိတ်ဒီဇိုင်းသည် ၎င်း၏ကိုယ်ပိုင် ဖြစ်ပြီး အနက်ရောင်အပေါ်တွင် အခြားအရောင် သုံးရောင်ခန့်ပါ ဝင်ကာ ဟင်္သာပုံစံ ဒီဇိုင်းများ ပါဝင်မည်ဟု မပုံ့က ပြောသည်။

‘‘အောင်သမာဓိက မဖြူက ဆင်ချင်တယ်ဆိုတော့ အင်္ကျီပြောင်ပဲဆိုတော့ ဆင်လို့ရတယ်။ ဒါပေမဲ့ အမှောင်အရောင်တွေပဲ သုံးထားတာဆိုတော့ စိန်ကြိုးပေါ့။ စိန်ကြိုးကိုမှ ရိုးရိုးဘယက်မဟုတ် ဘဲ စိန်ကြိုးအရှည်တွေ ခတ်ပေး နိုင်မလားဆိုတော့ မဖြူကလည်း ခတ်ပေးမယ်ဆိုတော့ သူ့ဆီက စိန်ဆွဲကြိုး၊ လက်ကိုင်အိတ်က တော့ မဖြူစီစဥ်ပေးထားတယ်လို့ ပြောတယ်’’ဟု သက်မွန်မြင့်ဝတ် ဆင်မည့် လက်ဝတ်ရတနာများအ ကြောင်း မပုံ့က ပြောသည်။

သက်မွန်မြင့်ကို လက်ဝတ် ရတနာများနှင့် လက်ကိုင်အိတ် အပါအဝင် ကျပ်သိန်းနှစ်ထောင် ဖိုးခန့် ဆင်မြန်းမည်ဖြစ်ကြောင်း အောင်သမာဓိရွှေဆိုင်မှ မဖြူဖြူ အောင်က ပြောသည်။

သက်မွန်မြင့်ကို ‘ချစ်လှစွာ သော အမုန်း’ဇာတ်ကားတွင် ပါဝင်သရုပ်ဆောင်ထားသည့် မိုးစက် မေဇာတ်ရုပ်ဖြင့် ပရိသတ်များအပါအဝင် အနုပညာမောင်နှမများ က ရုပ်ရှင်ထူးချွန်ဆုရရှိနိုင်သည် ဟု ခန့်မှန်းထားသည်။

#7DN

မူလစာမျက်နှာ, မှုခင်းရေးရာ

​Myanmar Now အယ်ဒီတာချုပ် ကိုဆွေဝင်းကို လူသုံးဦးရန်ပြု

Myanmar Now သတင်းဌာနမှ အယ်ဒီတာချုပ်ကိုဆွေဝင်း ကို မတ်လ ၁၄ ရက်က အမျိုးသားသုံးဦး ရန်ပြုတိုက်ခိုက်မှု အခြေအ နေ ကြုံတွေ့ခဲ့ရပြီး ရန်ပြုခဲ့သည့် အမျိုးသားသုံးဦးကို စုံစမ်းဖော် ထုတ်ပြီး အရေးယူရန် စီစဥ်နေ ကြောင်း သတင်းရရှိသည်။
Myanmar Now သတင်း ဌာနမှ အယ်ဒီတာချုပ် ကိုဆွေဝင်း သည် မတ်လ ၁၄ ရက် ည ၉ နာရီ ခန့်က အမေရိကန်သံအမတ်ကြီး နေအိမ်မှ စမ်းချောင်းမြို့နယ်အ တွင်းရှိ ၎င်း၏နေအိမ်သို့ ပြန်လာ စဥ် ဗဟိုလမ်းနှင့် မြောင်းမြလမ်း ထိပ်ရှိ ဆိုက်ကားဂိတ်အနီး၌ မိတ် ဆွေတစ်ဦးနှင့်စကားပြောနေစဥ် အမျိုးသားသုံးဦး၏ရန်ပြုခြင်းခံခဲ့ ရသည်။

၎င်းအမျိုးသားသုံးဦးအနက် အနီရောင်အကင်္ျီ ဝတ်ဆင်ထား သည့် အမျိုးသားက ‘ဟေ့ကောင် မင်း ဆွေဝင်း မဟုတ်လား’ ဟု ပြောဆိုကာ ထိုးကြိတ်ရန်ပြုမည့် ပုံစံ ပြုလုပ်ခဲ့သည်။ ထို့နောက် ၎င်းတို့ အချင်းချင်းပင် ကိုယ်ထိလက် ရောက်မပြုရန် ထိန်းခဲ့ပြီး ကိုဆွေဝင်းကို သွားခွင့်ပေးခဲ့ကြောင်း သိရသည်။ ထိုအမျိုးသားသုံးဦးထဲမှ တစ်ဦးသည် ဖျာပုံလမ်းအတွင်း နေထိုင်သည့် ကိုထွန်းထွန်းဇော် ဖြစ်သည်ဟု ရပ်ကွက်နေ ပြည်သူ များထံမှ သိရကြောင်း ရဲစခန်းမှ သိရသည်။

‘‘ဒီဟာက သာမန်မူးပြီး ရမ်းတဲ့အမှုမျိုးမဟုတ်ဘူး။ ကျွန်တော် ကိုယ်တိုင် မလုံခြုံသလို ခံစားရ တယ်။ ကျွန်တော့်မိသားစုအတွက်  လည်း စိုးရိမ်ပါတယ်’’ဟု အယ်ဒီတာချုပ် ကိုဆွေဝင်းက ဆိုသည်။

ယင်းဖြစ်စဥ်နှင့်ပတ်သက်၍ ခြိမ်းခြောက်ပြောဆိုသူများကို အရေးယူပေးရန် မတ်လ ၁၅ ရက် တွင် စမ်းချောင်းမြို့နယ်တရားရုံးသို့ ဦးတိုက်လျှောက်ထားခဲ့ကြောင်း စမ်းချောင်းမြို့နယ်တရားရုံးမှ သိ ရသည်။

‘‘ကိုဆွေဝင်း  ဦးတိုက် လျှောက်ထားမှုကို တရားရုံးက လက်ခံလိုက်တယ်။ ပုဒ်မတော့ မတပ်ရသေးဘူး။ စစ်ဆေးပြီး တော့မှ ဘယ်ပုဒ်မနဲ့ တရားစွဲမလဲ ဆိုတာ သိရမယ်။ နောက်ရုံးချိန်း က ၂၉ ရက်ကို ပြန်ချိန်းထားတယ်’’ ဟု စမ်းချောင်းမြို့နယ်တရားရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

Myanmar Now သတင်း ဌာန အယ်ဒီတာချုပ် ကိုဆွေဝင်း သည် အင်းဝအပ်ချုပ်ဆိုင်အမှုနှင့်  ပတ်သက်၍ ဖော်ထုတ်ရေးသား ပြီးနောက် ၂ဝ၁၆ စက်တင်ဘာအ တွင်း ရန်ကုန်တိုင်းဒေသကြီးရဲ တပ်ဖွဲ့က လုံခြုံရေးအတွက် အချိန်ပြည့်ဆောင်ရွက်ထားပြီး ယခု ဖြစ်စဥ်တွင် အခင်းဖြစ်ပြီး ၁၅ မိနစ်ကြာမှ ရဲတပ်ဖွဲ့ဝင်များလာရောက် မေးမြန်းခဲ့ကြကြောင်း သိရသည်။

ရန်ပြုခြိမ်းခြောက်ပြောဆိုခဲ့ သည့် အမျိုးသားသုံးဦးသည် ဗဟို လမ်းနှင့် ဖျာပုံလမ်းထောင့်ရှိ Goldဘီယာဆိုင်တွင် ညနေ ၄ နာရီက တည်းက ရှိနေသည်ကို ဆိုင်ရှိ လုံ ခြုံရေးကင်မရာမှတစ်ဆင့် တွေ့ရှိ ခဲ့ပြီး ဖျာပုံလမ်းအတွင်း နေထိုင် သည့် အမျိုးသားသည် တိမ်း ရှောင်နေကြောင်း သိရသည်။

တရားလွှတ်တော်ရှေ့နေ ဦးကိုနီ လုပ်ကြံသတ်ဖြတ်ခံရမှု တွင် အမှု၏ ကွင်းဆက်တရားခံ များကို စုံစမ်းဖော်ထုတ်၍ သတင်းများရေးသားခဲ့ပြီး ယင်းအပေါ် မကျေနပ်သည့် အစွန်းရောက်အ ဖွဲ့အစည်းအချို့၏ပြောဆိုတိုက် ခိုက်ခြင်းများ ခံရသဖြင့် လုံခြုံမှု မရှိသလို ခံစားနေရကြောင်း ကို ဆွေဝင်းက ပြောသည်။

#7DN

ပြည်တွင်းသတင်းများ

​ကွန်တိန်နာယာဥ်များ နေ့ပိုင်း ဖြတ်သန်းမောင်းနှင်ခွင့် တိုင်းအစိုးရခွင့်ပြု

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ခွင့်ပြုချက်ဖြင့် ကမ်း နားလမ်းနှင့် ဘုရင့်နောင်လမ်းမ ကြီးများတွင် ကွန်တိန်နာယာဥ် များကို မတ်လ ၁၆ ရက်ကစ၍ နံနက် ၁၁ နာရီမှ မွန်းလွဲ ၃နာရီ အတွင်း ဖြတ်သန်းမောင်းနှင်ခွင့် ပြုလိုက်သည်။
 ယခုခွင့်ပြုချက်သည် ဆိပ်ကမ်းမှအထွက် သွင်းကုန်  (Im-port) ကွန်တိန်နာယာဥ်များ အတွက်သာဖြစ်ပြီး ဆိပ်ကမ်းသို့ ပို့ကုန် (Export)ယာဥ်များအတွက် ခွင့် ပြုချက်မရရှိသေးကြောင်း မြန်မာ နိုင်ငံ ကုန်သေတ္တာတင်မော်တော် ယာဥ်များအသင်း အထွေထွေအတွင်းရေးမှူး ဦးစိုးနိုင်ကပြော ကြားသည်။

လက်ရှိကာလသည်နိုင်ငံ၏ သွင်းကုန်ပို့ကုန် လုပ်ငန်းများလုပ် ကိုင်ရသော ပွင့်လင်းရာသီဖြစ်၍ ယခုကဲ့သို့ ဖြေလျှော့ခွင့်ပြုခဲ့ခြင်း ဖြစ်ကြောင်း၊ ခွင့်ပြုမိန့်သည် ယာ ယီသဘောသာဖြစ်ပြီး ယာဥ်အ သွားအလာလမ်းကြောင်းများအ ပေါ်မူတည်၍ အတည်ပြုသတ် မှတ်နိုင်ကြောင်း ဦးစိုးနိုင်က ဆက်လက်ပြောသည်။

‘‘အခုကတော့ ယာယီပေါ့။ ဒီလမ်းကြောင်းပေါ်မှာ အဆင်ပြေ ပါတယ်ဆိုရင်တော့ တောက် လျှောက်ဆက်ရသွားနိုင်တာပေါ့။ ရမယ်လို့တော့ ထင်တာပဲ’’ဟု၎င်း ကဆိုသည်။

သင်္ကြန်ကာလ ရောက်ရှိတော့မည်ဖြစ်၍ ပိတ်ရက်များတွင် ရပ်ဆိုင်းထားမည့် လုပ်ငန်းများအတွက် လက်ရှိ၌ အထူးကိစ္စတစ်ရပ်အနေဖြင့်တွန်း အားပေး ဆောင်ရွက်ရန်လိုအပ်နေသဖြင့် ကမ်းနားလမ်းနှင့်  ဘုရင့်နောင်လမ်းမကြီးများတွင် နေ့အချိန် ကုန်သေတ္တာယာဥ်များ ဖြတ်သန်းအသုံးပြုရန် ပို့ကုန်၊ သွင်းကုန် လုပ်ငန်းရှင်များနှင့်မြန်မာနိုင်ငံ ကုန်သေတ္တာအသင်းတို့ကတင်ပြ ခဲ့သည်။

ရန်ကုန်မြို့တွင်ကုန်သေတ္တာ ယာဥ်များကိုပြီးခဲ့သည့် ဒီဇင်ဘာ ၇ ရက်ကစ၍ အရှေ့ပတ်လမ်းနှင့် အနောက်ပတ်လမ်းဟူ၍ ခွဲခြား ကာ ည ၉ နာရီမှ နံနက် ၆ နာရီ အထိ မောင်းနှင်ခွင့်ပြုထားသည်။

အရှေ့ပတ်လမ်းဖြစ်သည့် သံသုမာလမ်းနှင့် ဝေဇယန္တာလမ်း တို့တွင် နေ့ဘက်မောင်းနှင်ခြင်းကို ဖေဖော်ဝါရီ ၇ ရက်က ပြန်လည် ခွင့်ပြုခဲ့သည်။ ယင်းနောက်ပြီးခဲ့ သည့်ရက်ပိုင်းအတွင်း အနောက် ပတ်လမ်းဖြစ်သည့် ကမ်းနားလမ်း နှင့် ဘုရင့်နောင်လမ်းတို့၌ နံနက် ၁၁ နာရီမှ မွန်းလွဲ ၃ နာရီအထိ ပြန်လည်မောင်းနှင်ခွင့်ပြုရန် ဖြေ လျှော့ခွင့်ပြုခဲ့သည်။

‘‘၁၁ နာရီနဲ့ ၃ နာရီက အ လုပ်တက်အလုပ်ဆင်းချိန်မဟုတ် တဲ့အတွက် ကျွန်တော်တို့ကား တွေသွားရင် ယာဥ်ကြောမကျပ် နိုင်သေးဘူး။ ဒါကြောင့် တောင်း ဆိုထားတာပါ’’ဟု ကုန်သေတ္တာ ယာဥ်လုပ်ငန်းရှင် ဦးဝင်းစိန်က ပြောသည်။

 ကုန်သေတ္တာယာဥ်များကို ည ၉ နာရီမှ နံနက် ၆ နာရီအထိ သတ်မှတ်လမ်းကြောင်းများအ တိုင်း ပြေးဆွဲခွင့်ပေးမည်ဟု ရန် ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူး ကြီးတင်အောင်ထွန်းက ၂ဝ၁၆ အောက်တိုဘာက တိုင်းဒေသကြီး လွှတ်တော်၌ ပြောကြားရာမှ ၂ဝ၁၆ နှစ်ကုန်၌ အကောင်အ ထည်ဖော်ခဲ့သည်။

ညအချိန်မှသာ မောင်းနှင်ရမည်ဟု ကန့်သတ်သည့်ပထမဆုံးနေ့ က ကမ်းနားလမ်းတစ်လျှောက် တွင်ကုန်သေတ္တာယာဥ်များနာရီ ပေါင်းများစွာ လမ်းပိတ်ဆို့သည် အထိ အခြေအနေဆိုးရွားခဲ့သည်။

#7DN