Home

​မန္တလေးမြို့ အလှများနှင့် ပေါင်းစပ်ထားသည့် ရတနာပုံ ရုပ်သံဇာတ်လမ်းတွဲ ဧပြီလတွင် စတင်ပြသမည်

Myanmar Media 7 မှ စီစဥ်ပြီး ဒါရိုက်တာ သားညီ ရိုက်ကူး ပုံဖော်ထားသည့် ရတနာပုံ အမည်ရှိ ရုပ်သံ ဇာတ်လမ်းတွဲကို MNTV ရုပ်သံလိုင်း နှင့် Channel 9 တို့တွင် ဧပြီလ ၉ရက်မှ စတင်ပြီး ထုတ်လွှင့်ပြသ သွားမည် ဖြစ်သည်။
ရတနာပုံ ရုပ်သံဇာတ်လမ်းတွဲကို မန္တလေးမြို့တွင် သွားရောက် ရိုက်ကူးထားခြင်း ဖြစ်ပြီး မန္တလေးမြို့၏ အထင်ကရ နေရာများ ဖြစ်သည့် တောင်သမန်အင်း ၊ မန္တလေးတောင် ၊ မန္တလေး တက္ကသိုလ် ၊ နန်းတွင်း တို့တွင် အဓိကထား ရိုက်ကူးထားသည်။

“အဓိကက ဇာတ်လမ်းတွဲရဲ့ ရသကို အဓိက ပေးချင်တာပါ။ အချစ် ၊ တက္ကသိုလ် ကျောင်းသားတွေရဲ့ ဘဝ ၊ဒါတွေကို မန္တလေးမြို့ရဲ့ အလှတွေ နဲ့ ပေါင်းစပ် ထားတာကို ပရိသတ်တွေ မြင်တွေ့ ခံစားရမှာပါ။ ရသ အသစ် တမျိုး ရရှိစေမှာပါ” ဟု Myanmar Media 7 မှ ကိုဝေမင်းမောင် က ပြောသည်။

အဆိုပါ ဇာတ်လမ်းတွဲ ၏ ဇာတ်လမ်း/ဇာတ်ညွှန်း မှာ  မိုးစက်ဝိုင် ၊ သူဝေး ဖြစ်ပြီး  ဒါရိုက်တာ သားညီ က ရိုက်ကူး ပုံဖော် ထားကာ ဟိန်းဝေယံ ၊ မိုးယံဇွန် ၊ ထွန်းကိုကို ၊ နေရဲ ၊ အေးဝတ်ရည်သောင်း ရတနာဗို ၊ ဇွန်သံစဥ် ၊ ချစ်ကြေးမုံ ၊ ကေညီ တို့က  ပါဝင် သရုပ်ဆောင်ထားကြသည်။

ရတနာပုံ ရုပ်သံဇာတ်လမ်းတွဲ ၏ ဇာတ်ဝင်တေးသီချင်း အဖြစ် အလွမ်းမှတ်တိုင် ဟု အမည်ပေး ထားသည့် တေးသီချင်းကို တေးရေး ဝေကြီးမှ ရေးစပ် ပေးထားကာ အဆိုတော် ဖြိုးပြည့်စုံ နှင့် Jewel တို့က ပါဝင် သီဆို ပေးထားကြသည်။  

Myanmar Media 7 ကုမ္ပဏီ မှ ပထမဆုံး ရုပ်သံဇာတ်လမ်းတွဲ အဖြစ် ချာမ်း ရုပ်သံဇာတ်လမ်းတွဲကို ရိုက်ကူး ခဲ့ပြီး MNTV ရုပ်သံလိုင်း နှင့် Channel 9 တို့တွင် ထုတ်လွှင့်ပြသ ခဲ့သည်။ ဒုတိယမြောက် ရုပ်သံဇာတ်လမ်းတွဲ အဖြစ် ရွှေမိုးငွေမိုးသွန်းဖြိုးလို့ရွာ နှင့် ချာမ်း 2 တို့ကို ထပ်မံ ရိုက်ကူးခဲ့သည်။

အပိုင်း ၂ဝ ပါဝင်သည့် ထို ရုပ်သံဇာတ်လမ်းတွဲကို ဧပြီလ ၉ရက်မှ စတင်ပြီး အပတ်စဥ် တနင်္ဂနွေနေ့တိုင်း MNTV ရုပ်သံလိုင်းတွင် ပြသမည် ဖြစ်ပြီး သောကြာနေ့များတွင်လည်း Channel 9 ရုပ်သံလိုင်း၌ ပြန်လည်ထုတ်လွှင့် ပြသသွားမည် ဖြစ်သည်။

#မဇ္ဈိမ

Home

​သင်္ကြန်ပိတ်ရက် သတ်မှတ်ချက်နှင့်ပတ်သက်၍ အစိုးရနှင့် စီးပွားရေးလုပ်ငန်းရှင်များ ယနေ့ တွေ့ဆုံဆွေးနွေးမည်

သင်္ကြန်နှစ်သစ်ကူး ရုံး ပိတ်ရက်သတ်မှတ်ချက်နှင့်ပတ် သက်၍ အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနနှင့် စီးပွားရေးလုပ်ငန်း ရှင်များ မတ်လ ၁၃ ရက် (ယနေ့) တွင် တွေ့ဆုံဆွေးနွေးမည်ဖြစ်ကြောင်း သတင်းရရှိသည်။
အလုပ်သမား၊ လူဝင်မှုကြီး ကြပ်ရေးနှင့် ပြည်သူ့အင်အားဝန် ကြီးဌာနသည် အဆိုပါ ရုံးပိတ် ရက်သတ်မှတ်ချက်နှင့်ပတ်သက် ၍ စက်မှုဇုန်များ၊ စက်မှုဇုန်ပြင်ပ ရှိ လုပ်ငန်းရှင်များနှင့် ရှင်းလင်း ဆွေးနွေးမှုရန် မြန်မာနိုင်ငံကုန် သည်များနှင့် စက်မှုလက်မှုလုပ် ငန်းရှင်များအဖွဲ့ချုပ်က ဖိတ်ကြား ထားသည်။

‘‘သင်္ကြန်ပိတ်ရက်အတွင်း လုပ်ငန်းဆောင်တာတွေနဲ့ ပတ် သက်လို့ ဆွေးနွေးကြမယ်ထင် တာပဲ။ အလုပ်သမားဝန်ကြီးပဲ တက်မလား၊ ဘယ်သူတက်မလဲ တော့ မသိဘူး။ အသင်းချုပ်ကို အကူအညီတောင်းလို့ စီစဥ်ပေး တာပါ။ တကယ်ဆိုရင်တော့ ဒါ မျိုးက စောစောစီးစီးလုပ်နိုင်ခဲ့ ရင် ကောင်းတာပေါ့’’ဟု မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အဖွဲ့ချုပ် ဒုတိ ယဥက္ကဋ္ဌဒေါက်တာမောင်မောင် လေးက ပြောသည်။

ယင်းတွေ့ဆုံပွဲကို မြန်မာ နိုင်ငံကုန်သည်များနှင့် စက်မှု လက်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ် ရုံး၌ နံနက် ၁ဝ နာရီတွင်စတင်ပြု လုပ်မည်ဟု သိရသည်။

အဆိုပါ တွေ့ဆုံပွဲသည် ပြည်ထောင်စုအစိုးရအဖွဲ့က သင်္ကြန်နှစ်သစ်ကူးရုံးပိတ်ရက် သတ်မှတ်ကြေညာပြီးနောက် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက အလုပ်သမားကိုယ်စားလှယ်များ ပါဝင်ခြင်းမရှိဘဲ လုပ်ငန်းရှင်များနှင့် ပထမဆုံး တွေ့ဆုံသည့်ပွဲဖြစ် သည်။

အလုပ်သမားသမဂ္ဂအဖွဲ့ အချို့က မတ်လ ၁၁ ရက်က ထုတ်ပြန်ခဲ့သော ကြေညာချက်တွင် သင်္ကြန်အလုပ်ပိတ်ရက် သတ်မှတ်ချက်နှင့်ပတ်သက်၍ ပြုပြင် ပြောင်းလဲမှုများ ပြုလုပ်ရာ၌ အမျိုးသားအဆင့်သုံးပွင့်ဆိုင် (အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား) တွေ့ဆုံ၍ အကျေအလည် ဆွေးနွေး သင့်ကြောင်း ဖော်ပြထားသည်။

#7DN

Home

​လောက်ကိုင်တွင် မိုးအဆက်မပြတ်ရွာသွန်းနေ၍ စစ်ဘေးရှောင်သူများ အခက်ကြုံ

လောက်ကိုင်မြို့တွင် မိုး အဆက်မပြတ်ရွာနေ၍ မြန်မာ- တရုတ် နယ်စပ်လမ်းဘေးနေရာ များ၌ တဲထိုးနေထိုင်နေရသည့် စစ်ဘေးရှောင်နေသူများ အခက်အခဲ ကြုံတွေ့နေရကြောင်း သတင်းရရှိသည်။

 လောက်ကိုင်ဒေသတွင်မတ်လ ၁၁ ရက် ညကစကာ မိုးရွာသွန်းခဲ့ပြီး မတ်လ ၁၂ ရက် ညအထိ အဆက်မပြတ် ရွာသွန်းနေ ဆဲဖြစ်ကြောင်း စစ်ဘေးရှောင်သူ များနှင့် ဒေသတွင်းလုံခြုံရေးတာ ဝန်ရှိသူများထံမှ စုံစမ်းသိရသည်။

‘‘ညက တစ်ညလုံးရွာတယ်။ အရမ်းမပြင်းပေမယ့် မိုးက အ ဆက်မပြတ်ရွာနေတာ။ ကျွန် တော်တို့တွေ ၁၉ ယောက်အဖွဲ့ လမ်းဘေးမှာ တဲထိုးနေတာ။ ကျွန်တော်တို့လို တဲထိုးနေတဲ့အဖွဲ့တွေ အများကြီးပဲ။ အရမ်းဒုက္ခရောက်ခဲ့တယ်’’ဟု မတ်လ ၁၂ ရက် ညတွင် လားရှိုးမြို့ စစ်ဘေးရှောင် စခန်းသို့ ရောက်ရှိလာသူ ကိုလှမိုး ကပြောသည်။

ကိုလှမိုးအပါအဝင် စစ်ဘေး ရှောင်သူများမှာ တိုက်ပွဲစဖြစ် သည့်နေ့တွင် ထွက်ပြေးရာမှ မြန် မာ-တရုတ် နယ်စပ်ဘက်ခြမ်း လမ်းဘေးတစ်နေရာ၌ တဲထိုး ကာ တိုက်ပွဲရှောင်နေရပြီး တရုတ်နိုင်ငံဘက်ခြမ်းတွင် စစ်ဘေး ရှောင်သူများ ရာနှင့်ချီ၍ ရှိနေ ကြောင်း ကိုလှမိုးကပြောသည်။ မိုးအဆက်မပြတ် ရွာသွန်းမှုများကြောင့် စစ်ဘေးရှောင်သူများမှာ အခက်တွေ့နေကြောင်း သတင်းရရှိသည်။

လောက်ကိုင်ဒေသမှ လုံခြုံ ရေးအရာရှိတစ်ဦးက ‘‘မိုးကတော့ ရွာနေတယ်။ ဒီနေ့ညအထိ (မတ် လ ၁၂ ရက်နေ့ည)အထိ မတိတ် သေးဘူး။ မိုးစဲသွားလည်း ခနပဲ။ တိုက်ပွဲကတော့ နယ်စပ်နေရာ တွေမှာ ဆက်ဖြစ်နေတယ်’’ဟု ပြောကြားသည်။

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ရှမ်းပြည်နယ်အပါအဝင် မြန်မာနိုင်ငံဒေသအချို့တွင် အချိန်အခါမဟုတ် မိုးရွာနိုင်ကြောင်း သတိပေးထားသည်။

လားရှိုးမြို့ စစ်ရှောင်စခန်း သို့ မတ်လ ၁၂ ရက် ညက ရောက်ရှိလာသော မကွေးမြို့ခံ ကိုမိုးလွင်က ‘‘မိုးရွာနေရင်းပဲ တိုက်ပွဲတွေဖြစ်နေတာ။ ကျွန်တော်တို့ လှမ်းမြင်နေရတယ်။ လောက်ကိုင်မြို့ထဲမှာလည်း ပြန်ချင်နေတဲ့သူတွေရှိတယ်။ မိုးလည်းရွာ တိုက်ပွဲကဖြစ်နေတော့ ပြန်ဖို့က အခက်အခဲဖြစ်နေကြတယ်’’ ဟု ပြောသည်။

မတ်လ ၁၂ ရက် လောက်ကိုင်ဒေသအခြေအနေမှာ မြို့ပတ် ဝန်းကျင် တစ်မိုင်ခန့်ပတ်ချာလည် မြန်မာ-တရုတ်နယ်စပ်နေရာများ တွင် တိိုက်ပွဲဆက်လက်ဖြစ်နေ ကြောင်း သတင်းရရှိသည်။ တိုက် ပွဲသည် မတ်လ ၆ ရက် နံနက်က စတင်ခဲ့ခြင်းဖြစ်သည်။

#7DN

Home

​ခံစားချက်ဖြင့် ရွေးချယ်တာဝန်ပေးလိုက်ခြင်းကြောင့် နိုင်ငံတစ်ဝန်း နေရာအများစုတွင် ဗြောင်းဆန်နေဟု ပြည်ခိုင်ဖြိုးဥက္ကဋ္ဌ ဝေဖန်

၁၉၆၂ အာဏာသိမ်းခဲ့ရာ၌ တပ်မတော်က အဓိက တရားခံမဟုတ်ဟုဆို

ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေးကို လှိုင်သာယာမြို့နယ် မဲဆွယ်ပွဲ၌ တွေ့ရစဥ် (ဓာတ်ပုံ − ထက်အာကာကျော်)

လူတစ်ဦး၏အကြောင်းနှင့် စွမ်းဆောင်ရည်ကို မသိဘဲ ခံစား ချက်ဖြင့် ရွေးချယ်တာဝန်ပေး လိုက်သဖြင့် နိုင်ငံတစ်ဝန်း နေ ရာအများစုတွင် ဗြောင်းဆန်နေ ပြီဖြစ်ကြောင်း ပြည်ထောင်စုကြံ့ ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေးက ဝေဖန်သည်။
ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦး သန်းဌေးသည် မတ်လ ၁၂ရက် တွင် လှိုင်သာယာမြို့နယ် (၁၂) ရပ်ကွက် ဘောလုံးကွင်း၌ ကြား ဖြတ်ရွေးကောက်ပွဲအောင်နိုင်ရေး မဲဆွယ်ရာတွင် နိုင်ငံတစ်ခုကို တည်ဆောက်ဦးဆောင်ရာ၌ အ ရည်အချင်းနှင့် အရည်အသွေး သည် အဓိကကျပြီး (၂ဝ၁၅ ရွေး ကောက်ပွဲ၌) စွမ်းဆောင်ရည်ကို မသိဘဲ(ပြည်သူများက) ခံစားချက်ဖြင့် ရွေးချယ်တာဝန်ပေးသ ဖြင့်နေရာအများစုတွင် ဗြောင်းဆန်နေပြီဟု ထည့်သွင်းပြောကြားခဲ့သည်။

‘‘လူတစ်ယောက်ရဲ့ အ ကြောင်းကို မသိဘဲ၊ စွမ်းဆောင် ရည်ကို မသိဘဲ ခံစားချက်နဲ့ရွေး ချယ်တာဝန်ပေးလိုက်တဲ့အတွက် ဒီကနေ့တိုင်းပြည််ရဲ့ နေရာတော် တော်များများမှာ တော်တော် ဗြောင်းဆန်နေပါပြီီ။ ဗန်းစကားနဲ့ ပြောရင်၊ လူပြိန်းစကားနဲ့ပြောရင် ဗြောင်းဆန်နေပြီလို့ပြောလို့ရပါ တယ်’’ဟု ဦးသန်းဌေးက ပြောသည်။

ထို့အပြင် မဲဆွယ်ပွဲတွင် ဦးသန်းဌေးက မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိပြီးနောက် ၁၄ နှစ်အကြာ ၁၉၆၂ ၌ ဗိုလ်ချုပ်ကြီးနေဝင်းအာဏာသိမ်းမှုတွင် အဓိကတရားခံသည် တပ်မတော်မဟုတ်ကြောင်းနှင့် ယင်းအချိန်က နိုင်ငံရေးပါတီများနှင့် တာဝန်ယူထားသည့် နိုင်ငံ့ခေါင်းဆောင်များ မပါးနပ်၍ ယင်းဖြစ်ရပ် ဖြစ်သွားခဲ့ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

‘‘တပ်မတော်ကတော့ အမြဲ တမ်းရှိနေပါလိမ့်မယ်။ အဲဒီပုဂ္ဂိုလ် တွေဟာ လိုအပ်လာလို့ရှိရင်  ဟောဒီတိုင်းပြည်ကို ပြန်ပြီးတော့ စောင့်ရှောက်ရဦးမှာပဲ။ သူတို့ဟာ နောက်ဆုံးအဆင့် ကာကွယ်ရေး သမားတွေဖြစ်ပါတယ်။ ဒီလိုအ ခြေအနေတွေရောက်လာတဲ့အခါ ကျမှ သူ့ကြောင့်၊ ငါ့ကြောင့်စွပ်စွဲ မနေဘဲ တကယ်ဖြစ်သင့်တဲ့ပြည် သူလူထုအကျိုးစီးပွား၊ ပြည်သူလူ ထုအကျိုးစီးပွားဆိုတာပြောရရင် တော့အများကြီးပဲ’’ဟု ပြည်ခိုင် ဖြိုးဥက္ကဋ္ဌက ဆိုသည်။

အရပ်သားအစိုးရတက်လာ ပြီးနောက်ပိုင်း တည်ဆောက်ရေး လုပ်ငန်းများရပ်ဆိုင်းခဲ့ခြင်း၊ ရန် ကုန်မြို့တွင်း သယ်ယူပို့ဆောင် ရေးလုပ်ငန်းများအလျင်စလို စ တင်ခဲ့ခြင်းမှာ အစိုးရ၏ ကြိုတင် ပြင်ဆင်မှုအားနည်းခြင်းကိုဖော်ပြ နေသည်ဟု ပြည်ခိုင်ဖြိုးဥက္ကဋ္ဌက ဆိုသည်။

‘‘ပရမ်းပတာ ဒီမိုကရေစီအ သိုင်းအဝိုင်းမှာ တစ်နှစ်နီးပါးကြာ လာပြီဖြစ်တဲ့ ကျွန်တော်တို့ ပြည် သူလူထုတွေ တကယ်စည်းကမ်း ပြည့်ဝပြီးတော့ မိမိတို့အခြေခံလူ့ အခွင့်အရေးကို ဖော်ဆောင်ပေး နိုင်တဲ့ ဒီမိုကရေစီကို တောင့်တ နေကြပြီလို့လည်း ကျွန်တော်အ ခိုင်အမာယုံကြည်ပါတယ်’’ဟု ဦး သန်းဌေးက မဲဆွယ်ဟောပြောမှု တွင် ထည့်သွင်းပြောကြားသည်။

ဆက်လက်၍ ၎င်းက ‘‘ဒီမို ကရေစီကို ထိန်းကျောင်းပေးတဲ့ အားပျော့သွားရင်၊ ယိမ်းယိုင်သွား ရင် အဲဒါအာဏာရှင်ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ဒီမိုကရေစီအာ ဏာရှင်ဆိုတာကို သတိထား ရှောင်ရှားကြဖို့ လိုပါတယ်ခင်ဗျ’’ ဟု လည်း ပြောကြားခဲ့သည်။

ဒီချုပ်အစိုးရသည် ဒီမိုကရေ စီအာဏာရှင်ပုံစံကို ဦးတည်နေ သည်ဟု ပြည်ခိုင်ဖြိုးဥက္ကဋ္ဌကယခု နှစ်ဆန်းပိုင်း၌ ဝေဖန်ခဲ့ဖူးပြီးယင်း ဝေဖန်မှုအပေါ် အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ် ပါတီဗဟိုအလုပ် အမှုဆောင်အဖွဲ့အတွင်းရေးမှူး အဖွဲ့ဝင် ဦးဝင်းထိန်က ဦးသန်း ဌေးသည် နိုင်ငံရေးကို နားလည် သူမဟုတ်ဘဲ ပါးစပ်ပါ၍ ပြော သည်ဟု မှတ်ယူကြောင်း တုံ့ပြန်ခဲ့ သည်။

၁၉၆၂ အာဏာသိမ်းခဲ့ခြင်း နှင့်ပတ်သက်၍ နှံ့စပ်စွာစာဖတ် ထားရန်လိုအပ်ကြောင်းနှင့် ယင်းအာဏာသိမ်းမှုသည် တပ်မတော်က အဓိကတရားခံမဟုတ်သော် လည်း ဗိုလ်ချုပ်ကြီးနေဝင်း၏ ဆုံး ဖြတ်ချက်အပေါ်အဓိကမူတည်ခဲ့ ကြောင်း နိုင်ငံရေး လေ့လာသုံး သပ်သူဦးရဲထွန်းက မှတ်ချက်ပြု သည်။

တပ်မတော်သည် လိုအပ်ပါ က တိုင်းပြည်ကိုပြန်လည်စောင့် ရှောက်ရဦးမည်ဟု ဦးသန်းဌေး၏ ပြောကြားခဲ့မှုနှင့်ပတ်သက်၍ နိုင် ငံရေးပါတီ ခေါင်းဆောင်တစ်ဦး အနေဖြင့် ယင်းကဲ့သို့ပြောကြားခြင်း သည် သဘာဝ မကျကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေအရ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က သာ အထက်ပါမှတ်ချက်မျိုးကို လိုအပ်ပါကပြောနိုင်ကြောင်း ဦးရဲထွန်းက သုံးသပ်သည်။

လှိုင်သာယာ မြို့နယ်တွင် ပြည်ခိုင်ဖြိုးပါတီကိုယ်စားပြုအ နေဖြင့် အမျိုးသား လွှတ်တော် ကိုယ်စားလှယ်ဟောင်းဦးတင်ယု ဝင်ရောက်ယှဥ်ပြိုင်မည်ဖြစ်ပြီး အဆိုပါမဲဆန္ဒနယ်၌ အင်အားကြီးပါတီများဖြစ်သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နှင့် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီနှစ်ခုစလုံး မဲဆွယ်စည်းရုံး ဟောပြောမှုများ ပြုလုပ်ခဲ့ပြီးဖြစ် သည်။ ကြားဖြတ်ရွေးကောက်ပွဲ  ကို ဧပြီ ၁ရက်တွင် ကျင်းပမည်ဖြစ် ပြီး ရွေးကောက်ပွဲကျင်းပရန် ၁၈ ရက်သာ လိုတော့သည်။

#7DN